Chapter 209
ကျန်းမင်ယွမ် က သားဖြစ်သူကို ရှင်းပြလိုက်သည်။
"ဒါက ပိုက်ဆံမဟုတ်ဘူး... ဒါပေမယ့် ဒီထဲမှာ ပိုက်ဆံရှိတယ်..."
"ဒီဟာလေးက ပိုက်ဆံကို ဘယ်လို ထည့်ထားနိုင်မှာလဲ..."
ရှင်းရှင်းက ကဒ်ကို အနည်းငယ်ကွေးလိုက်ပြီး ကြည့်လိုက်ရာ အက်ကြောင်းတစ်ခုမှ မတွေ့ရသဖြင့် သူ ပို၍ပင် သံသယဖြစ်လာရသည်။
"ပိုက်ဆံက အထဲမှာလည်း မရှိဘူး…"
ရှင်းရှင်းက ကဒ်ထဲတွင် ပိုက်ဆံကို ဘယ်လိုသိမ်းထားမှန်း မသိသဖြင့် အဖေဖြစ်သူကို ရှင်းပြခိုင်းနေလေသည်။ ရှင်းရှင်းသည် ကျန်းမင်ယွမ်ပြောသမျှကို နားမလည်သော်လည်း အနည်းဆုံး အဖေဖြစ်သူက သူ့ကို မလိမ်မှန်း သူနားလည်လာရသည်။ ထို့ကြောင့် သူ အလိုမကျဖြစ်နေသည့် ကဒ်သည် သူ အကြိုက်ဆုံးလက်ဆောင်အဖြစ် ပြောင်းလဲသွားရသည်။ သူက ကဒ်ကို အသေအချာ စိုက်ကြည့်နေရင်း ကဒ်ပြားမျက်နှာပြင်ပေါ်၌ သူလိုချင်သော အရုပ်သစ်များ မြင်ယောင်လာရသည်။ထို့နောက် သူက ကဒ်ကို ချန်းဟွမ်အား ပေးကာ ပြောလိုက်သည်။
"မေမေ ဒါလေး ခဏကိုင်ထားပေးပါလား...."
ချန်းဟွမ်က ကဒ်ကို ဘေးချထားလိုက်ပြီး ရှင်းရှင်း အတွက် သူမကိုယ်တိုင် အရုပ်အသစ်များ ဝယ်ပေးမည်ဟု ကတိပေးကာ ရှင်းရှင်းနောက် လိုက်လာလေ၏။
ရှင်းရှင်းသည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူ့အဖေနှင့် လိုက်အိပ်ခဲ့လေသည်။အမေဖြစ်သူက သူတို့ သားအဖနှစ်ယောက်နောက်ကို လိုက်လာနေသဖြင့် ရှင်းရှင်းက ကျန်းမင်ယွမ် လက်ကို ကိုင်ထားလိုက်သည်။သားအဖနှစ်ယောက် ဓာတ်လှေကားထဲဝင်သွားလိုက်ရင်း သူက အဖေဖြစ်သူကို တိုးတိုးလေး ပြောလိုက်သည်။
"ဖေဖေ ဒီနေ့ သား အရမ်းတော်တယ် မဟုတ်လား..."
ကျန်းမင်ယွမ်က သားဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ ခဏတာတိတ်ဆိတ်နေပြီး ဓာတ်လှေကားတံခါးပွင့်လာသောအခါ သူက ငြီးတွားသလို ပြောဆိုလိုက်သည်။
"အင်း..ဒါပေမယ့် မနက်ဖြန်ကျရင် မေမေ့ကို မပြောသေးနဲ့ဦးနော်..."
YOU ARE READING
(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်
General Fictionwp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြောင့်စာဖတ်သူလေးတို့ကဖတ်မေရင်းမပိုင်းပျောက်သွားရင်accထဲ၀င်ရှာကြည့်ကြပါနော် ကျေးဇူးတင်ပါတယ်