Chapter 2 (unicode)

7.4K 119 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

***

အခန်း ၂ {ဧကရာဇ် ၂}

ဧကရာဇ်က ကပွဲသဘင်ခန်းမမှာ မျက်နှာလာပြတယ်ဆိုရုံပြပြီး မအီမသာဖြစ်နေတယ်ဆိုတဲ့ ဆင်ခြေနဲ့ ကပွဲခန်းမကနေ စောစောစီးစီး ထွက်ခွာသွားခဲ့တယ်။
မှူးမတ်အချို့က ခါးသက်သက် လှောင်ရိပ်သမ်းနေတဲ့ မျက်နှာထားတွေနဲ့ ရှိနေခဲ့ကြတယ်။ ဧကရာဇ်က သူတို့နဲ့ အချိန်မဖြုန်းပေးနိုင်တာ နှမြောစရာပဲလေ။
ဧကရာဇ်က သူ့ရဲ့အိပ်ဆောင်ဆီ ပြန်ရောက်တဲ့အခါ ချက်ချင်းပဲ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ လဲဝတ်ပြီး လေးလေးပင်ပင်ဖိစီးနေပုံရတဲ့ ဝတ်ရုံကို ချွတ်ပစ်လိုက်တယ်။ သူ နည်းနည်းတော့ စိတ်သက်သာရာရသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီနောက် အနီရောင်တောက်တောက် မျက်လုံးတွေကို ပြန်မြင်ယောင်လိုက်မိပြီး အဲ့ဒီအဖြစ်ကြောင့် မဆိုစလောက်လေးဆိုပေမဲ့ မိုက်ခနဲဖြစ်သွားခဲ့တယ်။
အင်ပါယာတည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ် အမဲလိုက်ပြိုင်ပွဲရဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး သူကတော့ မကျေမနပ်ဖြစ်နေမှာပဲဆိုပေမဲ့ ဧကရာဇ်အတွက်တော့ အဲ့ဒီလောက်ကြီး ပြဿနာမရှိပါဘူး။ အခုတလော ဧကရာဇ်က သူ့ကျန်းမာရေး ထိခိုက်ရလောက်တဲ့ အတိုင်းအတာအထိ စိုးရိမ်သောကတွေများနေခဲ့တာပါ။
ဧကရာဇ်က တော်တော့်ကို လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။

“အရှင်မဘုရား ညစာကိုရော ဘယ်လိုလုပ်မှာပါလဲ။”

ဧကရာဇ်ရဲ့ဘေးမှာ ရပ်နေခဲ့တဲ့ အစေခံမိန်းကလေးက မေးခဲ့တယ်။

“ရတယ်။”

ဧကရာဇ်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်။ လက်ရှိသူ့အခြေအနေမှာ စားသောက်ချင်စိတ်ဆိုတာ မရှိသလောက်ပါပဲ။
သူက မူးရိပ်ရိပ်ဖြစ်နေတာကို ထိန်းထားရင်း ထိုင်ခုံမှာ ထိုင်လိုက်တယ်။ မူးမိုက်မိုက် ဖြစ်နေတာကို ခံစားလိုက်ရတယ်။ သူ့အလုပ်တွေက အဆုံးမရှိအောင်ပုံနေပြီး မလုပ်ဘဲထားလိုက်လို့ မဖြစ်ပါဘူး။ သူ့ရဲ့ တော်ဝင်တာဝန်ဝတ္တရားတွေက သူ့ကို အဲ့ဒီလိုလုပ်ဖို့ ခွင့်မပြုခဲ့ဘူးလေ။
ခပ်လှမ်းလှမ်းကနေ ရယ်သံတွေ၊ အော်သံတွေနဲ့ ဂီတသံတွေကို ကြားနေရတယ်။ ပုံမှန်ဆို သူတို့တွေက မှူးမတ်အနွယ်တော်တို့ရဲ့ ကျင့်ဝတ်နဲ့အညီ နေကြတယ်ဆိုပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ မျက်နှာဖုံးတွေအကုန် ကွာကျကုန်ပါပြီ။ သူတို့က ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပေးလာသမျှသေရည်အရက်ကို သောက်သုံးကြပြီး တပျော်တပါးတောင် အော်ဟစ်ဆူညံနေလိုက်ကြပါသေးတယ်။
ရုတ်တရက် ဧကရာဇ်က လူတစ်ယောက်ရဲ့ ပုံစံကို ပြေးအမှတ်ရလိုက်မိတယ်။
သူရော အဲ့ဒီဗရုတ်သုတ်ခတွေထဲမှာ ပါနေလောက်မလား။ မှူးမတ်အနွယ်တော် အမျိုးသမီးတစ်ယောက်ကို စွေ့ခနဲပွေ့ပြီးတော့ သူ့အနားဆွဲယူပြီး အနမ်းခြွေချင်ခြွေနေလောက်မှာပေါ့လေ။
ဧကရာဇ်က သူ့နှုတ်ခမ်းသူ ဖိကိုက်လိုက်တယ်။ ကိစ္စမရှိပါဘူး။ အဲ့ဒီလူ ဘာပဲလုပ်လုပ် အဲ့ဒါ သူ့ကိစ္စမှမဟုတ်တာပဲ။
ဧကရာဇ်က ရောထွေးနေတဲ့အတွေးတွေကို မောင်းထုတ်ပစ်ဖို့ သူ့စိတ်ကို စာတွေအပေါ်မှာ စုစည်းအာရုံစိုက်ထားလိုက်တယ်။ ကံကောင်းချင်တော့ သူ့ကိုယ်သူ အလုပ်ထဲ စိတ်နှစ်ထားပြီး အပြင်က ဆူညံသံတွေနဲ့ အဲ့ဒီလူရဲ့မျက်နှာကို မေ့ထားနိုင်ခဲ့တယ်။
အချိန်ဘယ်လောက် ကုန်သွားခဲ့ပြီလဲ သူမသိတော့ပါဘူး။ တစ်ယောက်ယောက် တံခါးခေါက်နေတာကို သတိထားမိသွားတာကြောင့် ဧကရာဇ်က ခေါင်းထောင်ကြည့်လိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now