ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၅၃
လူအာဇန်က အစေခံတစ်ယောက်ဆီ နှလုံးသား ပုံနှင်းထားတဲ့ ညီမဖြစ်သူကို စိတ်ထဲကနေ ကြိတ်ရယ်နေပေမဲ့ အပြင်ပန်းမှာတော့ သဘောထားပြည့်ဝတဲ့ အစ်ကိုတစ်ယောက်လို ဆက်လက်ပြုမူခဲ့တယ်။
“သူ့ကို တွေးပေးတဲ့ နင့်ရဲ့စိတ်က တော်တော်လေး နက်နက်ရှိုင်းရှိုင်းရှိမှန်း ငါ သိတယ်လေ။ အခုတော့ ပုန်ကန်သူ သစ္စာဖောက်ရဲ့သားဆိုပေမဲ့ သူက နဂိုဆို တော်ဝင်မိသားစုပြီးရင် ဒုတိယလိုက်တဲ့ အိမ်တော်က မှူးမတ်အနွယ်တော်သွေး မဟုတ်လား။”
အာရန်က အစ်ကိုဖြစ်သူ ပြောနေတဲ့စကားတွေကို ဘာတစ်ခုမှ နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူ့နှလုံးက ကျယ်လောင်စွာ ခုန်နေခဲ့တယ်။
“ဧကရာဇ်နဲ့ ဧကရီက အမြဲတမ်း နင့်ကို ပျော်ရွှင်စေချင်ခဲ့တာဆိုတော့ ငါလည်း သူတို့ရဲ့ဆန္ဒအတိုင်း ဆက်ပြီးနေသွားချင်တယ်။”
“ဘာကို ပြောနေတာလဲဆိုတာ…”
“သူ့ရဲ့ အရိုက်အရာနဲ့ နယ်မြေကို ပြန်အပ်နှင်းပြီးရင် ပြန်ပြီးတော့ နင်နဲ့ လက်ထပ်ပေးဖို့ စိတ်ကူးရှိတယ်။ ဒါပေါ့လေ ကန့်ကွက်မှုတွေကတော့ ကြောက်စရာကောင်းအောင် ပြင်းထန်မှာပဲ။”
“အဲ့ဒါ တကယ်ပြောနေတာလား။”
အာရန့်မျက်နှာလေးမှာ ပျော်ရွှင်ဝမ်းမြောက်မှု အတိလွှမ်းသွားခဲ့တယ်။
“ဒါပေမဲ့ နင့်အသက်ကို ကယ်ခဲ့တယ်ဆိုတာလေးနဲ့တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းသိမ်းဖို့ မဖြစ်နိုင်မှန်း သိတယ်မဟုတ်လား။”
အာရန်က ခေါင်းညိတ်လိုက်တယ်။
“အဲ့ဒါကြောင့် ငါ တွေးကြည့်နေတာ။ သူ့ကို စစ်မှုရေးရာ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ အနောက်ဘက်နယ်စပ်ကို ပို့လိုက်မယ်ဆိုရင်ရော။”
“အနောက်ဘက်နယ်စပ်ကိုတဲ့လား။”
ငွေခက်ရင်း အောက်ကိုပြုတ်ကျပြီး ကြမ်းပြင်နဲ့ ထိခတ်သွားတဲ့အသံက ကျယ်လောင်စွာ မြည်သွားခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...