ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၅၈
အမှန်တော့ အာရန်တစ်ယောက် လက်ရှိအခြေအနေကို မယုံနိုင်ဖြစ်နေဆဲပါ။ သူ့မျက်စိရှေ့မှာ ပြဇာတ်သရုပ်ဆောင်တွေက အစွမ်းကုန်ကြိုးစားပြီး အင်တိုက်အားတိုက် ဖျော်ဖြေတင်ဆက်နေကြတာလေ။ ပွဲကြည့်ပရိတ်သတ်တွေအားလုံးက ပြဇာတ်သရုပ်ဆောင်တွေရဲ့ တင်ဆက်မှုမှာ အကုန်စီးဝင်နစ်မျောနေခဲ့ကြတယ်။ သူတစ်ယောက်တည်းသာ သာယာမှုနဲ့ မောဟိုက် ပင့်သက်ရှိုက်နေရတာပါ။
ဒီအခြေအနေကိုကြည့်ပြီး အရိုင်းဆန်ဆန် လှုံ့ဆော်နိုင်စွမ်းရှိတယ်လို့တောင် ခံစားမိပုံထောက်ရင် သူ့ခေါင်းက တစ်ခုခုမှားနေတာ မလွဲမသွေပါပဲ။ အာရန်က သူ့ကိုယ်သူ မဟာနယ်စားမင်းရဲ့ လိင်တံကို ပွတ်လို့ပွတ်နေမိမှန်းတောင် မသိခဲ့ပါဘူး။
ရုတ်တရက် မဟာနယ်စားမင်းက အာရန် တင်းခံနိုင်တဲ့အတိုင်းအတာကျော်တဲ့အထိ သူ့လက်တွေကို မြန်မြန်လှုပ်ရှားခဲ့တယ်။ အခုဆိုရင် အာရန်က သူ့ရင်ခွင်ထဲ ရောက်လုနီးပါး ဖြစ်နေပါပြီ။ မဟာနယ်စားမင်းရဲ့ လက်ချောင်းရှည်ရှည်တွေက သူ့ပန်းကလေးရဲ့အတွင်းထဲအထိ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်မက အာရန့်အစေ့ကလေးကို မြဲမြဲမြံမြံ ဖိထားခဲ့တယ်။“ဟင်း…”
အချစ်ရည်တွေ စီးကျလာပြီး တစ်ချိန်တည်းမှာပဲ အာရန်က မဟာနယ်စားမင်းရဲ့ပခုံးကို ဖိကိုက်ထားလိုက်တယ်။ အဝတ်ခံနေတယ်ဆိုရင်တောင်မှ တော်တော်လေး နာသွားလောက်မှာဆိုပေမဲ့ သူ့မျက်နှာထားက တစ်စက်ကလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။
“ဟား…ဟား….”
အထွတ်အထိပ်ရောက်မှု အဆုံးသတ်သွားတာတောင် အာရန်က မဟာနယ်စားမင်းကို အတန်ကြာတဲ့အထိ မှီထားဆဲပါ။ နောက်ကျမှဝင်လာတဲ့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မုန်းတီးစိတ်ကြောင့် အာရန့်မျက်ရည်တွေ ရပ်တန့်မသွားခဲ့ပါဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသုံးမကျဆုံး ဖြစ်လာခဲ့ရပြီမဟုတ်ပါလား။
အချိန်အနည်းငယ်ကြာပြီးတဲ့နောက် အာရန် အသိစိတ်ပြန်ကပ်လာချိန်မှာ မဟာနယ်စားမင်းက အာရန့်အဝတ်တွေကို ပြုပြင်သပ်ချပေးပြီး မတ်တတ်ရပ်နိုင်အောင် တွဲထူပေးခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...