Chapter 36 (unicode)

2.8K 33 0
                                    


ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၆ {လိမ္မာတယ် ၁}


သူက အတင်းအကြပ် ဖိအားပေးနေမိမှန်း အီနော့ခ် သိပါတယ်။ အာရန်က ချောင်ပိတ်ခံရတာမှမဟုတ်ရင် ဒီလို ကာမဂုဏ်ရမ္မက်နွံကျွံမဲ့ အမှုကိစ္စကို လုပ်ဆောင်ဖို့ ဆန္ဒမရှိဘူးလေ။ သူ့ပုံစံလေးက ကြောက်ရွံ့နေသလိုပါပဲ။ တော်တော်လေးကို ကြောက်နေတာပါ။
ဒါပေမဲ့ တစ်နည်းအားဖြင့် အဲ့ဒါက အီနော့ခ်အတွက် ကိစ္စမရှိပါဘူး။ ဘာကြောင့်ပဲဖြစ်လာတာဖြစ်ဖြစ် သူ့ဒေါသကတော့ ငြိမ်ကျမသွားခဲ့ပါဘူး။ နယ်စားမင်း ဆီးလက်စ်ကို ကြည့်နေတဲ့ အာရန့်မျက်နှာကို သူ မှတ်မိနေတယ်လေ။ မဟုတ်ဘူး တွေးလိုက်မယ်ဆိုရင် အာရန် တခြားလူတွေအရှေ့မှာ ပြခဲ့တဲ့ မျက်နှာကလွဲပြီး ကျန်တာဘာကိုမှ မမှတ်မိတာပါ။
ပုံမှန်မဟုတ်တဲ့ ဒေါသက အီနော့ခ် ကိုယ်တွင်းမှာ ပွက်ပွက်ဆူနေပြီး ဘာကြောင့်ဆိုတာကိုတော့ သူ မသိခဲ့ပါဘူး။ မောင်ပိုင်စီးအပိုင်သိမ်းလိုမှုနဲ့ အစွဲအလမ်းလို အလိုဆန္ဒတစ်မျိုးနဲ့ အများကြီး ပတ်သက်နေလိမ့်မယ်လို့ သူ တွေးခဲ့မိတယ်။ အာရန်… သူက အဖိုးတန်ရတနာလေးဖြစ်ပြီး တခြားဘယ်သူနဲ့မှ ယှဉ်လို့ရမှာမဟုတ်တဲ့ မိန်းမလှတစ်ယောက်ပါ။ ပြီးတော့ သူ့မှာ အာရန့်ကို တခြားလူတွေနဲ့ ဝေမျှဖို့ လုံးဝဆန္ဒမရှိပါဘူး။ သူ အာရန်ကလွဲလို့ တခြားဘယ်မိန်းမကိုမှ မလိုအပ်ဘူးလေ။ အာရန်က သူ့အပိုင်ပါ။
အီနော့ခ်က အာရန်ရဲ့ စိုစွတ်နေတဲ့ အဝင်ဝလေးကို သူ့လက်ချောင်းတွေနဲ့ ပွတ်လိုက်တယ်။ ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါစေ အရုပ်ဆိုတာ နောက်ဆုံးတော့ အရုပ်ပါပဲ။ သူစိတ်တိုင်းကျသလို လုပ်တာက သဘာဝကျတယ်လေ။

“ငါ…ငါ ဒီလိုမျိုးကြီး မလုပ်ချင်ဘူး…ဒီလိုအရာမျိုးကို မုန်းတယ်။”

အာရန်က ခပ်အက်အက်အသံနဲ့ အော်ပြောလိုက်တယ်။

“ဒါဆို ဘာလိုချင်လဲ ပြောပြလေ။ မဘုရားက အမြဲတမ်း ဟင့်အင်းပဲလုပ်နေပေမဲ့ ဒီအောက်ကနေတော့ အရည်တွေ တစိမ့်စိမ့်ထွက်နေတာကို။ ကျွန်တော်မျိုး ယုံကြည်ပေးဖို့ အခက်တွေ့ရပါတယ်။”

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now