ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၂၅ {မဘုရားက ကျွန်တော့်အပိုင် ၁}
လုံးဝနွမ်းနယ်နေပြီဖြစ်တဲ့ အာရန့်ခန္ဓာကိုယ်ကို ဖက်ထားရင်း အီနော့ခ်က အလိုလောဘ အတိလွှမ်းနေတဲ့ မျက်လုံးကြီးတွေနဲ့ အာရန့်ကို ကြည့်လိုက်တယ်။ သူက အာရန့်အတွင်းမှာ အဖြူရောင်အရည်တွေကို ထုတ်လွှတ်ဖြေလျှော့ရင်း တုန်ယင်သွားခဲ့တယ်။ အဖြူရောင်အရည်တွေက အာရန့်ဥယျာဉ်လေးထဲက ထွက်လာတဲ့အချစ်ရည်တွေနဲ့ ရောနေပြီး အာရန့်တင်ပါးတွေကို စိုရွှဲသွားစေခဲ့တယ်။
အဲ့ဒီနောက် အီနော့ခ်က တံခါးဖွင့်လိုက်တယ်။
ထိတ်လန့်နေတဲ့ အာရန်က အိပ်ခန်းထဲကို ကျီးကန်းတောင်းမှောက် ရှာဖွေကြည့်လိုက်တယ်။ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။ အဲ့ဒီတော့မှပဲ အီနော့ခ်တစ်ယောက် သူ့ကို ကျီစားခဲ့တာမှန်း သဘောပေါက်လိုက်တော့တယ်။ တစ်ချိန်တည်းမှာပဲ တင်းမာမှု ပြေလျော့သွားချိန်မှာ ရှက်စိတ်က တစ်ရစ်ရစ်တက်လာခဲ့တယ်။
အီနော့ခ်က ဒေါသနဲ့ ရှက်စိတ်တို့ စွန်းထင်းနေတဲ့ အာရန့်မျက်နှာကိုကြည့်ရင်း သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တယ်။“ဒီတစ်ခါရော ပါးရိုက်ဉီးမလို့လား။”
အာရန် ပြန်မဖြေခဲ့ပါဘူး။ သူ့ရဲ့ နမော်နမဲ့ ဒေါသက အီနော့ခ်ကို ပိုပြီးဖျော်ဖြေပေးရာပဲကျမှာမဟုတ်လား။
အီနော့ခ်က အာရန့်ကို သူ့ချုပ်ကိုင်မှုကနေ မလွတ်အောင် သေချာထိန်းထားရင်း အိပ်ရာဆီ တွဲပြီးလျှောက်သွားခဲ့တယ်။
နူးညံ့အိစက်တဲ့ အိပ်ရာခင်းက အာရန့်ကျောပြင်ကို လာထိခဲ့တယ်။ အိပ်ရာခင်းတွေ စိုကုန်ပေမဲ့ ဘယ်သူမှ ဂရုမစိုက်ခဲ့ပါဘူး။
အီနော့ခ်က အာရန့်အပေါ် တက်ခွလိုက်တယ်။ အာရန်က ထဖို့ကြိုးစားခဲ့ပေမဲ့ သူက အာရန် လှုပ်မရအောင် ပခုံးတွေကနေ ဖိထားခဲ့တယ်။“တော်ပါတော့…”
အာရန် ခေါင်းခါလိုက်တယ်။
အီနော့ခ်က ဖြူဖျော့နေတဲ့ အာရန့်မျက်နှာလေးကို သူ့လက်ကြီးနဲ့ ပွတ်သပ်လိုက်တယ်။ ပထမအကြည့်တစ်ချက်မှာတော့ အဲ့ဒီအထိအတွေ့က ဖော်ရွေနွေးထွေးသလိုရှိခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...