ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၃၅ {သဝန်တိုတာများလား ၂}
အီနော့ခ်က အာရန်ရဲ့ လက်ရှိမျက်နှာထားလေးကိုကြည့်ပြီး နှာခေါင်းရှုံ့ ရယ်လိုက်တယ်။ သူက အာရန်ရဲ့ ချစ်သူမဟုတ်သလို အာရန်ကလည်း အကြောက်တရားကြောင့် ရုန်းကန်ခုခံလိုစိတ် ပျောက်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဘာကြောင့်မှန်းမသိ အာရန် သူ့ဘက်ဆီ ကြည့်လာမှာကို လိုချင်ခဲ့မိတယ်။ ဘာကြောင့်မှန်းတော့ သေချာမသိခဲ့ပါဘူး။
အတွေးတွေကို စိတ်ထဲကနေ ဖျက်ပစ်လိုက်ပြီးတဲ့နောက်မှာ အီနော့ခ်က ကိုယ်ကိုကိုင်းပြီး အာရန့်ရင်နှစ်မြွှာကို တရစပ် လျက်လိုက်တယ်။ လျှာကို အသာကစားပြီး အာရန့်ကို အသာအယာ ပွတ်သပ်ကျီစယ်နေရာကနေ အဲ့ဒီနောက်မှာ ပိုနက်နက်ရှိုင်းရှိုင်းနဲ့ စက်ဝိုင်းသဏ္ဌာန် လှုပ်ရှားခဲ့တယ်။
လှုံ့ဆော်မှုအဆင့်ဆင့်က အာရန့် ဗဟိုချက်ကို အသာလေး ဖြည့်သွားခဲ့တယ်။ သူ့ခမျာ အီနော့ခ်ရဲ့ အကွက်တွေကို အတင်းကျိတ်မှိတ် သည်းခံနေရပြီး တစ်ချက်တစ်ချက်မှာတော့ ဘယ်လိုမှ မတတ်သာဘဲ ဗလုံးဗထွေး ညည်းသံလေးတွေ ထွက်လာခဲ့တယ်။ အာရန် အဲ့ဒီလို လုပ်မိတိုင်းမှာ သူ့မျက်နှာလေးက သနားချင့်စဖွယ် ပျက်ယွင်းသွားခဲ့တယ်။
အီနော့ခ်က အာရန့်မျက်နှာပေါ်က အမူအရာတွေကို ကြည့်ရတာ သဘောကျပါတယ်။ သွေးစွန်းတဲ့ လက်ထပ်ပွဲအပြီးမှာ အာရန်က ဘယ်လိုမျက်နှာထားမျိုးမှ မပြခဲ့ပါဘူး။ သူက အမြဲတမ်း သူခံစားရတာကို ဖုံးကွယ်ဖို့အတွက် နှုတ်ခမ်းလေးကို ဖိကိုက်လေ့ရှိပါတယ်။ သူ အလျင်အမြန် ပြောင်းလဲတဲ့ အချိန်ဆိုလို့ အခုလိုအချိန်မျိုးတွေမှာသာ ရှိတတ်ပြီး ဖုံးကွယ်ထားသမျှ အကုန်ပေါ်တော့မယောင် ရှိနေခဲ့တယ်။
အီနော့ခ်က အာရန်ရဲ့ တဖျပ်ဖျပ် တုန်ယင်နေတဲ့ မျက်တောင်လေးတွေ၊ ကျုံ့ထားတဲ့ မျက်ခုံးလေးတွေနဲ့ မောဟိုက်တုန်ရီနေတဲ့ နှုတ်ခမ်းလေးတွေ အားလုံးကို ကြည်ညိုစွာ ကြည့်လိုက်ပြီး အဲ့ဒီအရာအားလုံးကို တစ်ချက်မလွတ်စတမ်း အမြတ်တနိုးနဲ့ အနမ်းတွေခြွေခဲ့တယ်။ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ အီနော့ခ်ရဲ့အကြည့်ကို ခံစားမိလိုက်ချိန်မှာ အာရန် ရှက်သွားခဲ့တယ်။
အာရန့် ကိုယ်အပူချိန်က ပိုပိုပြီး ပူလာတာကို သတိထားမိပေမဲ့လည်း အီနော့ခ်က မသိချင်ယောင်ဆောင်ပြီး ဒါဟာ သူ့ဘဝရဲ့တာဝန်ကြီးတစ်ရပ်ဖြစ်တဲ့အလား အာရန့်ကို ဆက်လက်ပြီး ထိပါးကျီစားနေခဲ့တယ်။ သူက အာရန့်ကို ပိုပြီးအရှက်ရစရာဖြစ်အောင် တွန်းပို့ခဲ့တာ သေချာလှပြီး ဒီတစ်ခါတော့ ပိုပြီး ညင်ညင်သာသာ ရှိလောက်မယ်ဆိုပေမဲ့…
သူ ဘာကြောင့်များ စိတ်မကြည်မလင်ဖြစ်နေရတာပါလိမ့်။
နယ်စားမင်း ဆီးလက်စ်နဲ့ မျက်နှာချင်းဆိုင် တွဲကနေခဲ့တဲ့ ဧကရာဇ် အာရန်ရဲ့ မျက်နှာက သူ့အတွေးထဲ ဆက်တိုက်ဝင်ဝင်လာပြီး သူ့ကို ပိုပိုပြီးတော့ စိတ်တိုအောင် ဆွပေးနေခဲ့တယ်။ အီနော့ခ်က သူ့ဒေါသသူ ထိန်းလိုက်ပြီး အာရန်ရဲ့ သားမြက်အုံကို မျိုလိုက်တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...