Chapter 32 (unicode)

2.1K 31 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၂ {မှောင်ရိပ်ထဲကလူ ၂}

အံ့အားသင့်မှုကြောင့် ဘာမှမမြင်နိုင်တော့တဲ့ မျက်လုံးတွေနဲ့ အာရန်က ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းတွေ သူ့နှုတ်ခမ်းတွေအပေါ် သက်ဆင်းကျရောက်လာကြောင်း သိလိုက်ရတယ်။ ထူးဆန်းတဲ့ လျှာကြီးက သူ့ခံတွင်းထဲ မွှေနှောက်ကျီစယ်နေတာမို့ အသံတစ်ချက်မထွက်နိုင်ခဲ့တဲ့ အာရန်က အကြောက်အကန် ရုန်းကန်နေခဲ့တယ်။
ချက်ချင်းဆိုသလို လျှပ်တစ်ပြက်အတွင်းမှာ သူဟာ ချောင်တစ်ချောင်ကို ဆွဲခေါ်သွားခြင်းခံလိုက်ရတယ်။
ဘယ်သူမှန်းမသိရတဲ့လူက သူ့တစ်ကိုယ်လုံးကို လှုပ်မရအောင် တင်းတင်းကျပ်ကျပ် ဖက်ထားချိန်မှာ အာရန်က အဲ့ဒီလူရဲ့ ဆံပင်တွေကို ဆွဲဆုတ်ပြီး သူ့မျက်နှာကို လက်နဲ့ ကုတ်ခြစ်လိုက်တယ်။ အာရန်တစ်ယောက် အဖိခံရသလို မွန်းကျပ်လာခဲ့ပြီး လေရဖို့အတွက် အလိုလို နှုတ်ခမ်းကို ခပ်ကျယ်ကျယ် ဟလိုက်မိတယ်။ ဒါပေမဲ့ ဒီလူ…ဘယ်သူမှန်းမသိရတဲ့ ဒီလူက သူ့ရဲ့လျှာကို အာရန့်ပါးစပ်ထဲ ပိုပြီးနက်နက်ဝင်အောင် ထိုးသွင်းပြီး တစ်ချိန်တည်းမှာပဲ အာရန့်ဂါဝန် အောက်နားစကို အပေါ်လိပ်တင်လိုက်တယ်။
ခဏနေတော့ အာရန်တောင် မသိလိုက်ခင်မှာပဲ သူ့ရဲ့ကျောပြင်က မြက်ခင်းနဲ့ ထိနေပြီလေ။
အဲ့ဒီလူက သူ့ကို အပေါ်ကနေ အုပ်မိုးထားပြီး ဘယ်နည်းနဲ့မှ မလွတ်နိုင်ရအောင် အာရန့် ခြေတွေလက်တွေကို ချုပ်ထားခဲ့တယ်။ အာရန့်ဝတ်စုံအနားစက သူ့ရဲ့ခါးအထိ လိပ်တက်လာခဲ့ပြီး နူးညံ့ချောမွေ့တဲ့ သူ့ရဲ့ခြေတံတွေ လှစ်ဟပေါ်လွင်လာခဲ့တယ်။ လေအေးအေးလေး တိုက်ခတ်လာပြီး အာရန့်အသားကို တို့ထိကျီစယ်သွားခဲ့တယ်။

‘ရာရာစစ ဘယ်သူက…’

အာရန် ဒေါသဖြစ်လာခဲ့တယ်…ဟောဒီ ထိပါးကျူးလွန်နေသူကို မတားနိုင်တဲ့အတွက် ဒေါသဖြစ်မိပြီး စိတ်ရှုပ်စရာပဲဆိုတဲ့အတွေး​နဲ့ ကိုယ်ရံတော်စစ်သည်ဖြစ်ဖြစ်၊ အစောင့်တပ်သားဖြစ်ဖြစ် ခေါ်မလာခဲ့မိတာကို နောင်တရမိခဲ့တယ်။ အထူးသဖြင့် ဒီနေရာမှာမှ ဒီလိုပြဿနာ အရှုပ်အထွေးမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ အာရန် လုံးဝ ထင်မထားမိဘူးလေ။
ဧကရာဇ်ကို ရှာနေတဲ့အလား သူ့နာမည်ကို ခေါ်နေတဲ့အသံတစ်သံက ပဲ့တင်ရိုက်ခတ်လာခဲ့တယ်။ သူက ခပ်လှမ်းလှမ်းမှာ ရှိနေတာဖြစ်ပြီး နည်းနည်းလောက်သာ မြင်နိုင်မယ်ဆိုရင် အာရန်ရှိနေတာကို ချက်ချင်း သတိပြုမိနိုင်ပါတယ်။
အာရန်က အသံပေးဖို့ ကြိုးစားခဲ့ပေမဲ့ သူ့နှုတ်ခမ်းတွေက ပိတ်ဆို့ခံထားရတဲ့အတွက် စောစောက ချစ်သူနဲ့ သာယာဖွယ် တိုးတိုးတိတ်တိတ် တူနှစ်ကိုယ်အချိန်လေးကို ခံစားနေတဲ့ အမျိုးသမီးနဲ့ အလားတူ ခပ်တိုးတိုး နှာခေါင်းသံတစ်မျိုးသာ ပြုနိုင်ခဲ့တယ်။
အဲ့ဒီအသံကို ချစ်သူတို့ အချစ်စမ်းနေကြတဲ့အသံအဖြစ် အထင်လွဲသွားတာကြောင့် အာရန့်ကိုရှာနေတဲ့ လက်ပါးစေက ချက်ချင်းပဲ လှည့်ထွက်သွားခဲ့တယ်။
လက်ပါးစေ လုံးဝပျောက်ကွယ်သွားပြီဆိုတော့မှပဲ အဲ့ဒီလူက သူ့နှုတ်ခမ်းတွေကို အာရန့်ဆီကနေ ဖယ်ခွာပေးတော့တယ်။
အာရန်က မှောင်ရိပ်မှာကွယ်နေတဲ့လူကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ အဲ့ဒီလူက အာရန့်ကို ငုံ့မိုးကြည့်နေခဲ့တယ်။ မှောင်မည်းမည်း အရိပ်တွေထဲမှာ သူ့မျက်နှာအစိတ်အပိုင်းတွေနဲ့ မျက်နှာထားကို ကောင်းကောင်းမမြင်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ အဲ့ဒီလူရဲ့လက်က အာရန့်ပေါင်တံတွေဆီ လျှောဆင်းသွားပြီး ဖြည်းဖြည်းလေး ပွတ်သပ်နေခဲ့တယ်။
အာရန်က သွားချင်းကြိတ်ထားလိုက်ရင်း ခပ်တိုးတိုးပေမဲ့ မာန်အပြည့်ပါတဲ့အသံနဲ့ အဲ့ဒီလူကို သတိပေးလိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now