ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၃၁ {မှောင်ရိပ်ထဲကလူ ၁}
”အာရန်က နယ်စားမင်း ဆီးလက်စ်ရဲ့ မျက်ဝန်းပြာပြာတွေကိုကြည့်ပြီး ခါးသီးတဲ့လေသံနဲ့ ပြန်ပြောလိုက်တယ်။
“အဲ့ဒါဆို တော်လှန်ရေးသမား လုပ်ခဲ့တာကမှ ပိုကောင်းဦးမယ်ထင်တယ်။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်ရဲ့မြေဩဇာ ဖြစ်နိုင်လောက်တာပဲ။”
အာရန့်စကားကြောင့် နယ်စားမင်း ဆီးလက်စ်က ခေါင်းငဲ့စောင်းလိုက်တယ်။
“ဘာဖြစ်လို့ အဲ့ဒီလိုပြောရတာပါလဲ အရှင်မဘုရားရဲ့။ မဟာနယ်စားမင်းက အရှင်မဘုရားရဲ့ ခြေတွေလက်တွေလိုပဲ မဟုတ်ဘူးလား။ အရှင်မဘုရားအပေါ် သူ့ရဲ့ သစ္စာစောင့်သိမှုက အားကောင်းခိုင်မြဲနေသရွေ့ အရှင်မဘုရားအနေနဲ့ မအောင်မြင်နိုင် မရယူနိုင်တာ ဘာမှမရှိပါဘူး။”
ဧကရာဇ်က သူ့ကိုယ်သူ အများကြီး လျှော့တွက်တတ်ပေမဲ့ နယ်စားမင်းရဲ့ မျက်လုံးထဲမှာတော့ သူက တော်တော်လေးကို ကျိုးကြောင်းဆင်ခြင်တတ်ပြီး ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်တတ်သူတစ်ယောက်ပါ။ သူ့ကိုယ်သူ မြင့်မြင့်မားမား မတွေးတတ်တာက ပြဿနာကြီးတစ်ခုပါပဲ။ သူသာ ပုံမှန်အတိုင်း ထီးနန်းတက်ခဲ့ရမယ်ဆိုရင် ကြီးမြတ်တဲ့ စစ်သည်တစ်ယောက် ဖြစ်ခဲ့လောက်ပါတယ်။ နယ်စားမင်းရဲ့ အတွေးကတော့ အဲ့ဒီလိုရှိခဲ့တယ်။
အာရန်တစ်ယောက် တစ်ချက်လောက် ယိုင်ခနဲဖြစ်သွားခဲ့တယ်။
နယ်စားမင်းက သူ့ရဲ့ကျောပြင်ကို မြဲမြဲမြံမြံ ထိန်းပေးထားလို့ တော်သေးတာပေါ့။ အာရန် စိတ်လှုပ်ရှားနေခဲ့တာလေ။ နယ်စားမင်းရဲ့ လက်ဖဝါးအောက်မှာ သူ့ရဲ့ ကျောပြင်သေးသေးသွယ်သွယ်နဲ့ ခါးသေးသေးကျဉ်ကျဉ်ကို ခံစားမိနေရတယ်။
တစ်ဖန်ထပ်ပြီး ကတဲ့နေရာရဲ့ အလယ်ကိုရောက်လာပြန်တဲ့ အာရန်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်တယ်။“သူ့ရဲ့အာဏာက ငါ့ရဲ့အာဏာ မဟုတ်ဘူးမဟုတ်လား။”
ထုံးစံအတိုင်း မဟာနယ်စားမင်းအကြောင်း စကားထဲပါလာတာနဲ့ ဧကရာဇ်က ဆတ်ဆတ်ထိမခံ ဖြစ်လာတော့တာပါပဲ။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...