ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၄၆ {ကာကွယ်ပေးမယ် ၃}
မစားခဲ့ရတာ အတန်ကြာပြီဖြစ်တဲ့ အဖိုးတန် စားကောင်းသောက်ဖွယ်တွေဟာ အစေခံတွေရဲ့ အစားအသောက်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ အီနော့ခ်က ဘာတစ်ခုမှ ချန်မထားဘဲ ပန်းကန်ပါပြောင်အောင် စားသောက်ခဲ့တယ်။ အင်မတန်ကို ကျေနပ်စရာ တစ်နပ်စာပါ။
အီနော့ခ်ကို အကြိမ်တိုင်း အနိုင်ကျင့်တဲ့ အစေခံက တစ်ယောက်တည်းပဲလို့ သိလိုက်ရတော့ အာရန် ဒေါသမီးတောက်ပါတော့တယ်။ ဒါပေမဲ့ အာရန့်ကို စိတ်ပျော့မှန်းသိထားတဲ့ အီနော့ခ်က အများကြီး မျှော်လင့်မထားခဲ့ပါဘူး။ ထိုးနှက်တာတွေ အနိုင်ကျင့်တာတွေ လျော့နည်းသွားစေဖို့ဆိုတာ သူ့ရဲ့ မျှော်လင့်ချက်ယဲ့ယဲ့လေးပါပဲ။
ဒါပေမဲ့ အဲ့ဒီညမှာ အာရန်က သူထင်ထားတာထက်ကိုပိုပြီး ဇွတ်တရွတ်နိုင်မှန်း သိလိုက်ရတော့တယ်။
မင်းသမီးနဲ့ ညစာစားပြီးတဲ့နောက် ကျန်နေတဲ့အလုပ်တွေကို လက်စသတ်ပြီးသွားချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို သူ့ရဲ့ အဆောင်ဆီ တိုးတိုးတိတ်တိတ် ပြန်ခေါ်ခဲ့တယ်။ ရင်းနှီးနေတဲ့ မျက်နှာနဲ့ အမျိုးသမီးက မင်းသမီးကို အချိန်အကြာဆုံးခစားခဲ့တဲ့ အထိန်းတော်ကြီးပါ။ သူက အီနော့ခ်ကို မှောင်မှောင်မည်းမည်း အခန်းကျယ်တစ်ခုဆီ ဦးဆောင်ခေါ်သွားခဲ့တယ်။
သိလိုတဲ့မျက်လုံးတွေနဲ့ အထဲကို ကြည့်နေမိတဲ့ အီနော့ခ်တစ်ယောက် ခဏနေတော့ ဂျိမ်းစ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို တွေ့လိုက်ရတယ်။ သူတို့အားလုံး ခြေတွေလက်တွေ ချုပ်နှောင်ခံထားရပြီး အာရန်က သူတို့အရှေ့မှာ ထိုင်နေခဲ့တယ်။“အရှင်မင်းသမီး။”
အီနော့ခ်ရဲ့ခေါ်သံကြောင့် အာရန်က မော့ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူ့ရဲ့ပုံစံက မှိုင်တွေတွေဖြစ်နေခဲ့တယ်။ အီနော့ခ်က ဂျိမ်းစ်နဲ့ တခြားအစေခံတွေကိုကျော်ပြီး အာရန့်ဆီ ချဉ်းကပ်လာခဲ့တယ်။
“အစကတော့ သူတို့ကို နင်ခံခဲ့ရတာရဲ့ နှစ်ဆပြန်ပေးပြီး ကိုယ်တိုင် အပြစ်ပေးမလို့ပဲ။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ နင် ဘယ်လောက်ခံစားခဲ့ရမှန်း မသိဘူးလေ။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...