Chapter 47 (unicode)

1.1K 20 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၇ {ညည်းညည်းညူညူ နာကျင်မှု ၁}

အမှောင်ထဲမှာ တစ်စုံတစ်ယောက်က သူ့အိပ်ရာဘေးမှာ ထိုင်နေခဲ့တယ်။ အီနော့ခ် အလိုလို လက်ကိုမြှောက်လိုက်ပြီး သူ့မျက်နှာသူ ထိလိုက်တဲ့အခါ စိုစွတ်အေးစက်တဲ့အရာက သူ့ဦးခေါင်းဘေးကို ပြုတ်ကျသွားခဲ့တယ်။ အဲ့ဒါကတော့ ရေဖတ်ဝတ်တစ်ခုပါ။

“အိုး….အိုး…နိုးလာပြီလား။”

မင်းသမီးရဲ့အသံကို ကြားနေရတယ်။ အီနော့ခ်ရဲ့မျက်လုံးတွေ တုန်ယင်သွားခဲ့တယ်။ သူ့ကြည့်ရတာ အံ့ဩသွားသလိုပါပဲ။ အီနော့ခ်က နွမ်းနယ်မှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ သက်ပြင်းချလိုက်တယ်။

“ဒီမှာ ဘာလုပ်နေတာလဲ မင်းသမီး။”

“နင် နေမကောင်းဘူးကြားလို့…စိုးရိမ်လို့ရောက်လာတာ။”

“ဘာလို့ ကျွန်တော့်ကို မနှိုးရတာလဲ။”

“နင် နားလို့ရအောင်လို့။”

လူတွေရဲ့ မျက်လုံးတွေကို သတိထားနေရတာမို့ ညဘက်မှပဲ သူခိုးတစ်ယောက်လို လာခဲ့တာပါ။ အီနော့ခ်က သူ့ကိုယ်သူ ထူမတ်လိုက်ပြီး တစ်ချက်ညည်းရင်း မီးအိမ်ကို မီးညှိလိုက်တယ်။

“မထနဲ့….ငါလုပ်လိုက်မယ်…”

အာရန်က တိုးတိုးပြောလိုက်တယ်။

“ဘယ်တုန်းက လာခဲ့တာပါလဲ။”

အီနော့ခ်က သူ့စကားတွေကို လျစ်လျူရှုထားပြီး ပြန်မေးခဲ့တယ်။

“ခုနလေးကတင်ပဲ။ ဟို နင် ညစာစားပြီးရဲ့လား မသေချာလို့ စားစရာလေး နည်းနည်းယူလာခဲ့တယ်။”

အာရန်က လှုပ်လှုပ်ရွရွနဲ့ အသားအပြည့်ပါတဲ့ စွပ်ပြုတ်ရယ်၊ ပေါင်မုန့်နုနုရယ်၊ သစ်သီးတွေရယ်ကို ယူထုတ်လိုက်တယ်။ အီနော့ခ် သူ့ကို မိသွားတာကြောင့် အာရန် ရှက်နေခဲ့တယ်။

“ဘာလို့ ဒီလောက်မြန်မြန် အေးသွားရတာလဲ။ နောက်တစ်ခု ထပ်ယူပေးမယ်။”

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now