Chapter 27 (unicode)

1.8K 36 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၇ {သင့်တော်တဲ့ လက်တွဲဖော် ၁}

အီနော့ခ်က အာရန့်ကို ခန်းမအလယ်ဆီ သဘာဝကျကျ ဦးဆောင်ခေါ်သွားခဲ့တယ်။ ဂီတပညာရှင်တွေက ကျက်သရေနဲ့ ပြည့်စုံတဲ့သီချင်းကို တီးခတ်ခဲ့ပြီး ခဏနေတော့ သီချင်းအတိုင်း အကစတင်ခဲ့တယ်။

“ဒီလိုဆိုတော့ မဘုရားရဲ့ လူမှုအသိုင်းအဝိုင်းထဲ ပွဲဦးထွက်တဲ့ ကပွဲကိုတောင် သတိရသွားပြီ။ အဲ့ဒီနေ့က ကျွန်တော်မျိုး မဘုရားနဲ့ ပထမဦးဆုံးအကြိမ် ကခဲ့တာလေ။”

အဲ့ဒီပျော်စရာ အမှတ်တရတွေကို ပြန်တွေးရင်း အီနော့ခ်က ရယ်လိုက်တယ်။
အာရန့်မျက်နှာ ဖြူဖျော့သွားခဲ့တယ်။ သူလည်း အဲ့ဒီနေ့ကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေပါသေးတယ်။
ဆယ့်လေးနှစ်သမီးလေး သူက လပိုင်းလောက် ကြိုပြီးပြင်ဆင်ထားတဲ့ ဂါဝန်အဖြူလေးကို ဝတ်လို့ပေါ့။ ခင်ပွန်းလောင်းဖြစ်သူရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖို့ရာ အရမ်းကို ပျော်ရွှင်ပြီး စိတ်အားထက်သန်နေခဲ့တာလေ။ အဲ့ဒီတုန်းကအထိ အနာဂတ်မှာ သူနဲ့ အီနော့ခ်တို့ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို တစ်စက်ကလေးတောင် မသိခဲ့ပါဘူး။
ငယ်ရွယ်သူ ချစ်သူစုံတွဲလေး ကလို့ပြီးသွားချိန်မှာ စစ်သည်တော်တွေက ကပွဲခန်းမဆောင်ထဲကို ရုတ်တရက် ကသုတ်ကရိုက် ဝင်လာခဲ့ကြတယ်။ အဆင့်အမြင့်ဆုံး ဖြစ်ပုံရတဲ့ စစ်သည်တော်က အာရန် အရင်က တစ်ခါမှမမြင်ဖူးခဲ့တဲ့ အေးစက်စက် မျက်နှာထားကြီးနဲ့ အီနော့ခ်ရယ်၊ သူ့မိဘတွေရယ်ကို ဖမ်းချုပ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်။
ရော့ခ်အိမ်တော်ကို စစ်သည်တော်တွေ မွေးထုတ်ရာအိမ်တော်အဖြစ် အသိအမှတ်ပြုထားကြပေမဲ့ မဟာနယ်စားမင်းအနေနဲ့ လက်နက်အပြည့်ပါတဲ့ စစ်သည်တော်တွေကို လက်နက်မပါဘဲ ရင်ဆိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ တစ်ချိန်က ကျက်သရေနဲ့ပြည့်စုံတင့်တယ်ခဲ့တဲ့ မဟာနယ်စားမင်းဟာ ကြမ်းပြင်ပေါ်မှာ ကစဉ့်ကလျား တွန်းလှိမ့်ခံလိုက်ရတယ်။ သူတို့ရဲ့ သားဖြစ်သူ အီနော့ခ်ကိုလည်း စစ်သည်တော်တွေက အနိုင်ယူသွားခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now