ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၉ {သက်သာလာအောင်နေပါ မဘုရား ၁}
“ဘာဖြစ်လို့ ပြန်မထူးရတာလဲ။”
အီနော့ခ်က မေးလိုက်တယ်။
“…သိပ်ပြီးနေမကောင်းလို့…ခေါ်နေတာကို မကြားလိုက်ဘူး။”
လိမ်ညာရတာက ဘယ်တုန်းကမှ အာရန့်ကျွမ်းကျင်ရာ မဟုတ်ခဲ့ပါဘူး။ အီနော့ခ်က အာရန့်ကို သဘောတွေ့စွာကြည့်ပြီး ပြုံးလိုက်တယ်။ တလက်လက်တောက်နေတဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေရင်းပေါ့။ သူက အေးအေးလူလူပဲ အာရန့်နံဘေး အိပ်ရာအစွန်းမှာ ထိုင်ချလိုက်တယ်။
အာရန် တုန်ယင်သွားခဲ့တယ်။“ဟုတ်လား။”
အီနော့ခ်က ခေါင်းဆတ်လိုက်တယ်။
“ကျွန်တော်မျိုးက မဘုရား နေမှကောင်းရဲ့လားဆိုတာ သေချာအောင် စစ်ကြည့်မလို့ လာခဲ့တာ မဘုရားရဲ့။”
မနေ့တုန်းကလည်း သူ အဲ့ဒီလိုပြောခဲ့ပြီး အဲ့ဒီနောက် ဘာဆက်ဖြစ်ခဲ့သလဲဆိုတာပဲ ကြည့်လေ…အာရန် မယုံနိုင်အောင်ဖြစ်သွားခဲ့တယ်။ သူ့စကားတွေက အလိမ်အညာတွေပါ။ အီနော့ခ်က ပခုံးတွန့်လိုက်ပြီး တစ်ဖက်လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက စားပွဲပေါ်မှာရှိနေတဲ့ စာအုပ်ပေါ် ကျရောက်သွားတော့တယ်။
“စာအုပ်ဖတ်နေတာလား။”
အာရန်တစ်ယောက် လက်မြှောက်အရှုံးပေးပြီး ခေါင်းညိတ်လိုက်တယ်။ လိမ်နေလို့လည်း သူ့ကို ဒေါသထွက်စေရုံအပြင်မရှိဘူးမဟုတ်လား။
“ဟင်း…အဲ့ဒီလိုမလုပ်နဲ့လေ မဘုရားရယ်။ နေမကောင်းဖြစ်နေတာပဲ။ ဒီအတိုင်း အေးအေးလူလူ နားနေစမ်းပါ။”
သူက ကြွက်ကလေး အာရန့်ကို လိုက်နေတဲ့ ကြောင်ပါပဲ။
“ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် မနေ့ညတုန်းက နည်းနည်းလောက်ပိုပြီး ပျော်ပါးခဲ့လိုက်ရမှာ။ အခုတော့ မဘုရားက တစ်နေ့လုံး အိပ်ရာထဲအောင်းနေရတော့မယ်။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Любовные романы[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...