Chapter 28 (zawgyi)

617 3 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၈ {သင့်တော်တဲ့ လက်တွဲဖော် ၂}

နယ်စားမင်း ဟက်စတန်တစ်ယောက် တစ်နည်းအားဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။ သူက မဟာနယ်စားမင်းကို မကြောက်ခဲ့ပါဘူး။ မကြာသေးခင်ကပဲ အခွန်စစ်ဆေးရေးအတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို သွားတွေ့ထားခဲ့တာလေ။ ဒါပေမဲ့ ဧကရာဇ်ကို မောင်ပိုင်စီးဖို့ဆိုတဲ့ သူ့ကြိုးပမ်းမှုက ပျက်စီးသွားခဲ့တယ်။

‘မင်းကိုယ်မင်း ဧကရာဇ်ရဲ့ ခင်ပွန်းလောင်းဖြစ်နေတုန်းပဲမှတ်နေတာလား။’

နယ်စားမင်းက တွေးလိုက်တယ်။
ဧကရာဇ် လက်မထပ်နိုင်ရခြင်း အကြောင်းရင်းရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းအတွက် အီနော့ခ်မှာ တာဝန်ရှိတယ်လို့ သူ ယုံကြည်ထားခဲ့တာလေ။ အရွယ်ကောင်းဖြစ်ကြဆဲ လူပျိုအပျို မဟာနယ်စားမင်းနဲ့ ဧကရာဇ်တို့အကြောင်း ကောလာဟလတွေ ကြားရတာ၊ သူတို့နှစ်ယောက် အတိတ်ကလို သံယောဇဉ် ရှိနေဆဲပဲလို့ အထင်ခံရတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။
ဧကရာဇ်နဲ့ အရမ်းနီးစပ်တဲ့ မဟာနယ်စားမင်းရဲ့ အပြုအမူကလည်း ကောလာဟလသတင်းတွေ အများကြီးထွက်စေခဲ့တာလေ။
ဒါပေမဲ့ သူတို့နှစ်ယောက်ကို နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့ကြသူတွေကတော့ အဲ့ဒါတွေအားလုံးဟာ ပေါက်ကရတွေမှန်း သိကြပါတယ်။ ဧကရာဇ်က မဟာနယ်စားမင်းအပေါ် အေးတိအေးစက် ဆက်ဆံပြီး ဧကရာဇ်အပေါ် မေတ္တာရှိနေတယ်လို့ ထင်ရတဲ့အထိ ​ပေါ်ပေါ်တင်တင် ပြုမူတဲ့သူက မဟာနယ်စားမင်း တစ်ယောက်တည်းပါ။
မဟာနယ်စားမင်းတစ်ယောက် ဘာကြောင့်များ ဧကရာဇ်အပါးကမခွာဘဲ သူ့ကိုယ်သူ ဧကရာဇ်ရဲ့ သစ္စာခံ လူယုံခွေးအဖြစ် ​​ခံယူရသလဲဆိုတာကို နယ်စားမင်း ဟက်စတန် နားမလည်နိုင်ခဲ့ပါဘူး။ ဧကရာဇ်မှာ မဟာနယ်စားမင်းဆီ ပစ်ပေးဖို့ သစ္စာစောင့်သိမှုဆိုတဲ့ အရိုးကောင်းကောင်းကန်းကန်းတောင် မရှိတာကိုလေ။
သေချာတာတစ်ခုကတော့ မဟာနယ်စားမင်းက နယ်စားမင်း ဟက်စတန်ရဲ့ အစီအစဉ်အတွက် ကောင်းကျိုးပေးမဲ့သူ မဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ သူက သူ့ရဲ့သားဖြစ်သူကို ဧကရာဇ်ရဲ့ကြင်ရာတော်အဖြစ်နဲ့ ပလ္လင်ပေါ်တင်ပေးဖို့ ရည်ရွယ်ချက်ရှိခဲ့တာလေ။ အားနည်းပြီး နာခံတတ်တဲ့ ဧကရာဇ်က သူ့လက်ထဲမှာ ကြိုးကိုင်ဖို့အတွက် ကွက်တိပဲပေါ့။
နယ်စားမင်း ဟက်စတန်အတွက် ခယောင်းလမ်းနဲ့ ကြုံရနိုင်တယ်ဆိုပေမဲ့ သူက သူ့အစီအစဉ်သူ ယုံကြည်မှုရှိနေခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now