Chapter 14 (unicode)

3K 42 3
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၄ {သစ္စာတော်ခံ ကျေးကျွန်တော်မျိုး ၂}

အီနော့ခ်က အာရန့်အရှေ့မှာ ဒူးထောက်လိုက်ပြီး အာရန်က သူ့ကို ငုံ့ကြည့်လိုက်တယ်။ အာရန့်ဆံနွယ်တွေက သူ့ပခုံးကနေ လွတ်လွတ်လပ်လပ် ဖြာဆင်းကျနေပြီး သူ့ရဲ့ လည်တိုင်သွယ်သွယ်လေးကို လှစ်ဟပြနေခဲ့တယ်။ စိတ်လှုပ်ရှားမှုကြောင့် အာရန် တံတွေးမျိုချလိုက်မိတယ်။
အီနော့ခ်က အာရန့်ခြေတံတွေကို အသာအယာ ပွတ်သပ်နေခဲ့တယ်။ သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေက အာရန့်အသားကို ပွတ်သပ်ထိပါးလို့ပေါ့။
အာရန်က သူ့ကို ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ သူ တစ်ချိန်က လှပတယ်လို့ ထင်ခဲ့ဖူးတဲ့ အဲ့ဒီမျက်လုံးတွေက အခုတော့ အိပ်မက်ဆိုးတစ်ခုပါပဲ။ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မှုကို ညွှန်ပြနေခဲ့တယ်။
အီနော့ခ်က အကြာကြီး မစောင့်ခဲ့ပါဘူး။
သူ့အတွက်တော့ ဘယ်သူမှမလာတဲ့ ဆိတ်ကွယ်ရာမှာ အာရန့်ခြေတံတွေကို ဆွဲဟတာက ကလေးတစ်ယောက် သူ့လက်ကောက်ဝတ်သူ ပွတ်သပ်သလောက်ကို လွယ်ကူတာပါ။ အာရန့်ခြေတံတွေပေါ်မှာ ရှိနေတဲ့ သူ့လက်ချောင်းတွေက တဖြည်းဖြည်းနဲ့ အာရန့်ပေါင်အတွင်းသားလေးတွေဆီ တက်လာခဲ့တယ်။
အီနော့ခ်ရဲ့ အရိုင်းအစိုင်း ရည်ရွယ်ချက်ကို ဖတ်မိသွားတဲ့ အာရန်တစ်ယောက် ခပ်ပြင်းပြင်း အသက်အောင့်ထားလိုက်မိပြီး သူတောင်မသိလိုက်ခင်မှာပဲ ခုံတန်းပေါ်မှာ ခြေထောက်နှစ်ချောင်းကားလျက်သား၊ အဝတ်တွေ အပေါ်လှန်တင်ထားလျက်သားနဲ့ လဲလျောင်းမိပြီးသား ဖြစ်နေတော့တယ်။

“နေ့…နေ့ခင်းဘက်ကြီးပဲ ရှိသေးတယ်…”

အာရန်က ခြေတံတွေကို စေ့လိုက်ဖို့ အချည်းနှီး ကြိုးပမ်းခဲ့ပေမဲ့ အီနော့ခ်က အခက်အခဲ သိပ်မရှိဘဲ ကျင်လည်စွာ တားလိုက်တယ်။ အာရန်က အီနော့ခ်ရဲ့ လက်ကောက်ဝတ်ကို အသည်းအသန် ကိုင်ထားလိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းနှစ်စုံ ဆုံစည်းသွားပြီး အာရန်က ထက်သန်တဲ့ မျက်လုံးတွေနဲ့ ခေါင်းခါလိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now