Chapter 23 (unicode) [🚨R-19🚨]

7.2K 52 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၃ {ရေ ၁}

အချိန်ဘယ်လောက် ကုန်သွားခဲ့ပြီလဲ။
အာရန်တစ်ယောက် မျက်လုံးကို အပြူးသားဖွင့်လိုက်မိတယ်။ သူအိပ်ပျော်သွားတဲ့ အချိန်အတောအတွင်းမှာ ရေနွေးနွေးက အေးလာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ အအေးဓာတ်ကို မခံစားခဲ့ရပါဘူး။
နောက်မှပဲ သူ့ခန္ဓာကိုယ်ကို ကိုယ်ငွေ့ပူပူနွေးနွေးက အနောက်ကနေ တင်းတင်းကျပ်ကျပ် လွှမ်းခြုံထားမှန်း သတိထားမိလိုက်တယ်။ အလန့်တကြား ထအော်မိအံ့ဆဲဆဲမှာ အာရန့်ပါးစပ်ကို လက်ကြီးကြီးတစ်ဖက်က အသာအယာ အုပ်လာခဲ့တယ်။

“ကျွန်တော်ပါ။”

အာရန်နဲ့ အရမ်းကို တရင်းတနှီးရှိလွန်းလှတဲ့ အသံပါပဲ။ အာရန်က ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်တယ်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားချိန်မှာ အီနော့ခ်က ပြုံးပြခဲ့တယ်။
အာရန် နားမလည်နိုင်ခဲ့ပါဘူး။ အီနော့ခ်တစ်ယောက် အနှေးနဲ့အမြန် သူ့ဆီလာမှာပဲလို့တော့ မှန်းထားပြီးသားဆိုပေမဲ့ အခုလိုမျိုးတော့ မဟုတ်ပါဘူး၊ ဆိုင်းမဆင့်ဗုံမဆင့်ကြီးလေ…ပြီးတော့ တခြားနေရာလည်းမဟုတ် ရေချိုးခန်းထဲမှာမှ။
သူတို့နှစ်ယောက် ရေချိုးခန်းထဲမှာ မတင့်တယ်တဲ့လုပ်ရပ်တွေ ကျူးလွန်ကြလိမ့်မယ်လို့ အာရန် အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။

“ဘယ်တုန်းက ရောက်တာလဲ…”

အာရန်က လန့်သွားတာကို ဖုံးကွယ်ပြီး မေးလိုက်တယ်။

“သိပ်မကြာသေးဘူး။ မဘုရားက အိပ်ပျော်နေတာနဲ့ မနှိုးချင်လို့။”

“ဟုတ်လား…”

အာရန်က သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားတဲ့လူဆီကနေ ရုန်းထွက်ဖို့ကြိုးစားရင်း အတတ်နိုင်ဆုံး မင်သေသေဟန်လုပ်ပြီး ဖြည်းဖြည်းချင်း ပြန်ပြောလိုက်တယ်။
အာရန် သူ့လက်မောင်းတွေကို ဆွဲဖြုတ်နိုင်သွားချိန်မှာ အီနော့ခ်က အာရန့်ကို ပြန်ဆွဲယူလိုက်ပြီး သူ့လက်တွေက အာရန်ရဲ့ ဝမ်းဗိုက်၊ ခါးနဲ့ ပေါင်တစ်ဝိုက်မှာ ​နယ်လှည့်ခြေဆန့်နေခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now