ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၃၉ {နည်းနည်းလောက် အိပ်မက်ထပ်မက်လိုက်ပါ ၂}
“သမီးရဲ့သစ်သားဓားကို ဝှက်ထားလိုက်တာလား ခမည်းတော်။”
သမီးတော်ရဲ့ မေးမြန်းခြင်းကို ခံလိုက်ရတဲ့အခါ ဧကရာဇ်က နောက်ဆုံးတော့ အချိန်တန်ပြီလို့ သိလိုက်တော့တယ်။ ဒါပေမဲ့ ပြည့်ရှင်မင်းက သူ့ရဲ့ မျက်နှာထားကို သေသေသပ်သပ် ဖုံးဖိပြီး သဘာဝကျကျ ပြန်မေးလိုက်တယ်။
“သစ်သားဓား။ ဘယ်လိုဓားမျိုးလဲ။ ငါ့သမီးမှာ သစ်သားဓားရှိတာလား။”
“အပြစ်ကင်းချင်ယောင်ဆောင်မနေစမ်းပါနဲ့။ ဟိုတစ်နေ့က သမီးရဲ့အိပ်ဆောင်ကိုလာတုန်း ယူသွားတာမှန်း သိပါတယ်နော်။ သမီးအိပ်နေတုန်းလေ။”
အာရန်က သူ့ဒေါသသူ မထိန်းနိုင်ဘဲ မျက်ရည်တွေကျလာတော့တယ်။ ဧကရာဇ်က အကျပ်ရိုက်သွားတဲ့မျက်နှာနဲ့ သမီးတော်ကိုကြည့်ပြီး ပေါင်ပေါ်တင်ပြီးတော့ အသာအယာ ချော့မော့လိုက်တယ်။
“မငိုပါနဲ့ကွယ်။ ငါ့သမီး မွေးနေ့ရောက်ရင် ဓားရေးကို တရားဝင်သင်ခွင့်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ နည်းနည်းလောက်ပဲ စောင့်ပေးပါ။”
“မွေးနေ့ရောက်ရင် သမီးရဲ့အားနည်းမှုကို ခုတုံးလုပ်ပြီး ထပ်ရွှေ့ဆိုင်းဦးမှာပဲ။”
အာရန်က ဧကရာဇ်ကို ကြည့်တောင်မကြည့်ဘဲ ပြောလိုက်တယ်။
“ဘာဖြစ်လို့ သမီးကို ဘာမှသင်ယူခွင့်မပေးရတာလဲ။ အစ်ကိုတော်တို့ နှစ်ယောက်စလုံးဆိုရင် စာပေလေ့လာတာရော၊ ဓားရေးသင်တာပါ ကြိုးစားလုပ်နေကြတာ။ ဘာဖြစ်လို့ သမီးတစ်ယောက်တည်းက…သမီးက ဒီနန်းတော်မှာ အတုံးဆုံးလူဖြစ်နေရတာလဲ။”
“ဟားဟား ငါ့သမီးလို ဧကရာဇ်ကိုတောင် ထိန်းချုပ်နိုင်တဲ့ အရူးမျိုး နောက်တစ်ယောက်ရှိရင် ထွက်လာခိုင်းလိုက်စမ်းပါ။”
“အဲ့ဒါကတော့ ခမည်းတော်က သမီးကို ချစ်လို့လေ။ အချစ်ခံရတာနဲ့ ငတုံး မဟုတ်တာနဲ့က လုံးဝတခြားစီပဲကို။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...