Chapter 3 (unicode) [🚨R-19🚨]

17.4K 118 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၃ {ရမ္မက် ၁}

အင်အားချင်း အလွန်ကွာဟလှတာမို့ ဧကရာဇ်က မဟာနယ်စားမင်းရဲ့ ရင်ခွင်ထဲ အတင်းဆွဲယူသိမ်းသွင်းခြင်းခံလိုက်ရတော့တယ်။ ဧကရာဇ်ကို မဟာနယ်စားမင်းက ဆွဲယူလိုက်တယ်။ ဘယ်လိုပဲကြည့်ကြည့် အမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင် ဧကရာဇ်က အရပ်နိမ့်တဲ့အထဲ မပါဘူးဆိုပေမဲ့ မဟာနယ်စားမင်းက ပွေ့ဖက်လိုက်ချိန်မှာ ဧကရာဇ်ရဲ့တစ်ကိုယ်လုံးကို ကွယ်ဝှက်ထားလိုက်နိုင်လောက်တဲ့အထိ အရပ်ရှည်သူ ဖြစ်နေခဲ့တယ်လေ။
မဟာနယ်စားမင်းရဲ့ ခန္ဓာကိုယ် အပူချိန်က ပုံမှန်ထက်ပိုပြီး အပူတပြင်းရှိနေခဲ့တယ်။ ပိုပြီးပူပြင်းနေပုံရတဲ့နေရာကတော့ ဧကရာဇ်ရဲ့ ဝမ်းဗိုက်ကို လာထောက်နေတဲ့ အရာပါပဲ။ ဧကရာဇ်က မဟာနယ်စားမင်းရဲ့ အဝတ်အစားတွေနောက်ကွယ်မှာ ပုန်းနေတဲ့အရာရဲ့ ဝင့်ဝင့်စားစားဖြစ်တည်မှုကြောင့် အံ့ဩမှင်တက်နေရင်း အောက်ကိုငုံ့ကြည့်လိုက်မိတယ်။

‘ငါလည်း ဘာမှမလုပ်ရသေးတာကို…’

ဒါပေမဲ့ အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ သူ့မှာ ညဝတ်အင်္ကျီပါးပါးလေးတစ်ထည်သာ ဝတ်ထားမှန်း ဧကရာဇ် ပြန်သတိရမိသွားတော့တယ်။ အရုဏ်တက်ချိန်အထိ ဘယ်သူနဲ့မှ တွေ့ဖြစ်မှာမဟုတ်ဘူးလို့ တွေးမိခဲ့တာ သူ့အမှားပါ။ ဧကရာဇ်က ခါးသီးစွာ ခေါင်းခါလိုက်တယ်။
မဟာနယ်စားမင်းက တုန်ယင်နေတဲ့ ဧကရာဇ်ရဲ့ မေးဖျားလေးကို ပင့်ယူလိုက်တယ်။
သူတို့နှစ်ဦး မျက်လုံးချင်းဆုံသွားချိန်မှာ ဧကရာဇ်က စိတ်လှုပ်ရှားတုန်လှုပ်မှုကို ဖယ်ချထားလိုက်ပြီး မျက်လုံးတွေကို ခပ်တင်းတင်း ဖိမှိတ်လိုက်တယ်။

“ကျေးဇူးပြုပြီး ငါ ဒီနေ့တော့ စိတ်မပါလို့…”

မဟာနယ်စားမင်းရဲ့အရှေ့မှာတော့ ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်သိက္ခာနဲ့ အာဏာစက်ဆိုတာ အလကားပါပဲ။ သူတတ်နိုင်တာဆိုလို့ တောင်းပန်အသနားခံရုံအပြင် တခြားမရှိခဲ့ပါဘူး။

“ပုံမှန်လိုသာဆို မဘုရားရဲ့ တောင်းဆိုချက်ကို သဘောတူမိလောက်မှာပဲဆိုပေမဲ့ ဒီနေ့တော့ အဲ့ဒီလိုမလုပ်နိုင်ပါဘူး။”

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now