Chapter 26 (unicode)

2.6K 39 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၆ {မဘုရားက ကျွန်တော့်အပိုင် ၂}

အီနော့ခ် မျက်လုံးတွေ မှေးစင်းသွားခဲ့ပြီး အာရန်ကတော့ သတိမထားမိခဲ့ပါဘူး။ နုံနဲ့တဲ့ဧကရာဇ်က မာဂရေ့ဗ် ကလဲယာ့ဒ်ဟာ မိတ်ဆွေတစ်ယောက်ပဲလို့ ယုံကြည်ထားဆဲရှိပေမဲ့ အဲ့ဒီနက်နက်နဲနဲမရှိတဲ့ ခင်မင်ရင်းနှီးမှုက ပျက်စီးသွားခဲ့တာ ကြာလှပါပြီ။
အီနော့ခ် မှတ်မိနေတဲ့ မာဂရေ့ဗ် ကလဲယာ့ဒ်ဆိုတာ အာရန့်လည်တိုင်နဲ့ ခြေချင်းဝတ်တွေကို ရမ္မက်ဆန်ဆန် တဏှာထန်တဲ့မျက်လုံးတွေနဲ့ ကြည့်တတ်လေ့ရှိတဲ့ ဦးနှောက်ဗလာနဲ့ ငတုံးကောင်ပါ။
အီနော့ခ် အာရန့်အစေခံအဖြစ်နဲ့ ရှိခဲ့တဲ့အချိန်တုန်းက ကလဲယာ့ဒ် သူ့ကို အနိုင်ကျင့်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်လောက်အောင်ပါပဲ။
ကုန်လွန်လာတဲ့ အချိန်တွေက အဲ့ဒီတဏှာထန်တဲ့လူရဲ့ မရိုးမသားဆန္ဒတွေကို ပျောက်ကွယ်သွားအောင် လုပ်နိုင်မယ်မထင်ပါဘူး။ ဟာသဉာဏ်မရှိတဲ့ အာရန်တစ်ယောက် သူ့အရှေ့မှာထိုင်နေရင်း အဲ့ဒီတဏှာရူးအကြောင်း ပြောနေတယ်ဆိုတဲ့ အတွေးကြောင့် အီနော့ခ် စိတ်မကြည်မလင် ဖြစ်ရပါတယ်။
ဘာကြောင့်များလဲ။ ဘာကြောင့်မှန်းတော့ သူလည်းမသိပါဘူး…ဒီအတိုင်း အာရန် အဲ့ဒီကောင်နဲ့ တွေ့မယ်ဆိုတဲ့အကြံကို မနှစ်မြို့မိတာပါ။

“မာဂရေ့ဗ် ကလဲယာ့ဒ်ကို စိတ်ပြောင်းအောင်လုပ်ချင်ရင် သူနဲ့ ကိုယ်တိုင်တွေ့ပြီး နားချပေးဖို့ ကျွန်တော်မျိုးကို အကူအညီတောင်းလိုက်တာက ပိုမြန်ပါလိမ့်မယ်။”

သူ့စိတ်ထဲက အတွေးရိုင်းတွေကို ဖုံးကွယ်ထားရင်း အီနော့ခ်က အာရန်ရဲ့ ကူကယ်ရာမဲ့နေတဲ့ လက်ကလေးကို မြှောက်ယူပြီး နမ်းလိုက်တယ်။

“သူများတွေအရှေ့မှာ ကျွန်တော့်ကို ဘယ်လိုပဲဆက်ဆံဆက်ဆံ ဂရုမစိုက်ပါဘူး။ အိပ်ရာပေါ်မှာ အခုလိုမျိုး ချစ်ဖို့ကောင်းအောင်နဲ့ လှလှလေးနေရင် ဧကရာဇ်ရဲ့ အသံအဖြစ် ဆောင်ရွက်ပေးဖို့ ကျွန်တော်မျိုး အမြဲတမ်း ဆန္ဒရှိပြီးသားပါ။ အဲ့ဒါဆို မလွယ်ဘူးလား။”

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now