Chapter 51 (unicode)

1.8K 29 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၅၁

“ခမည်းတော်နဲ့ မယ်မယ်က နောက်သုံးရက်နေရင် စားသောက်ပွဲကြီး ကျင်းပဖို့ စီစဉ်ထားကြတယ်…”

“အဲ့ဒီအချိန်လောက်ဆိုရင် မိတ်ကပ်နဲ့ ဖုံးလိုက်လို့ ရလောက်မှာပါ။”

“အဲ့ဒီလိုလား။”

အီနော့ခ်က အာရန့်နှုတ်ခမ်းလေးတွေကို တစ်ဖန်ထပ်ကြည့်လိုက်တယ်။ ချစ်စရာနှုတ်ခမ်းလေးတွေက အက်ကွဲဖူးရောင်နေပြီး မြင်တွေ့ရတာ မျက်စိရှက်စရာပါ။

“ခဏလေး စောင့်ပေးပါ။”

အီနော့ခ်က မင်းသမီးရဲ့ အိပ်ခန်းကနေ ထွက်သွားခဲ့ပြီး ခဏကြာတော့ ရေခဲတုံးတွေ အပြည့်ပါတဲ့ခွက်နဲ့ ပြန်ရောက်လာခဲ့တယ်။

“ဒါနဲ့ ပွတ်ပေးလိုက်မယ်ဆိုရင် ရောင်နေတာ ကျသွားလောက်မယ်မဟုတ်လား။”

“အကြံကောင်းသားပဲ။”

အာရန်က နှုတ်ခမ်းလေးတွေ စူပေးလိုက်တယ်။ အီနော့ခ်က ရေခဲတုံးတစ်တုံးကိုယူပြီး အသာအယာ ပွတ်ပေးခဲ့တယ်။

“အေးလိုက်တာ။”

အာရန်က နည်းနည်းလေး အတွန့်တက်ခဲ့တယ်။

“နည်းနည်းလောက်ပဲ သည်းခံထားပါ။”

ပုံမှန်အခြေအနေလိုမဟုတ်ဘဲ အာရန်က စောဒကတက်နေပြီး အီနော့ခ်က သူ့ကို ချော့မော့ပြောဆိုနေပေမဲ့ သူတို့နှစ်ယောက်စလုံးကတော့ အဲ့ဒါကို သတိမထားမိခဲ့ကြပါဘူး။
ရာသီဥတုက အဲ့ဒီလောက်မပူပေမဲ့ ရေခဲက မြန်မြန်အရည်ပျော်ပြီး ပျောက်သွားခဲ့တယ်။ အီနော့ခ်ရဲ့ လက်ချောင်းထိပ်ဖျားလေးတွေက အာရန်ရဲ့ အေးစက်တဲ့နှုတ်ခမ်းလေးတွေပေါ်ကို ရှပ်ထိသွားခဲ့တယ်။ ရေခဲကြောင့် အာရုံခံနိုင်စွမ်းတွေ ထုံသွားတဲ့ အာရန်ကတော့ မသိပေမဲ့ အီနော့ခ်က သူ့လက်ချောင်းတွေကို အလန့်တကြား ကွေးလိုက်မိတယ်။
အေးစက်နေတဲ့ အာရန့်နှုတ်ခမ်းလေးတွေကို သူ့ခန္ဓာကိုယ် အပူချိန်နဲ့ အရည်ပျော်သွားအောင် လုပ်ပစ်ချင်တယ်ဆိုတဲ့ အတွေးက ကြိုတင်အသိပေးခြင်းမရှိဘဲ အီနော့ခ်စိတ်ထဲ ဝင်လာခဲ့တယ်။ အဲ့ဒီလို တွေးလိုက်မိချိန်မှာ အီနော့ခ်တစ်ယောက် ခွက်ကိုတောင် လွှတ်ချမိလုမတတ်ပါပဲ။ ကြည့်ရတာ အရည်ပျော်သွားတာက ရေခဲမဟုတ်ဘဲ သူ့ဦးနှောက်ပဲထင်ပါရဲ့။ ဒီအတိုင်းဆို သူကလည်း သူအရမ်းစက်ဆုပ်မိတဲ့ ကလဲယာ့ဒ်နဲ့ ဘာမှမခြားဘူးလေ။ သူက အာရန့်ဆီကနေ အကြည့်လွှဲဖို့ ဦးခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး ခွက်ကို ကမ်းပေးလိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now