ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၄၀ {နည်းနည်းလောက် အိပ်မက်ထပ်မက်လိုက်ပါ ၃}
ကချော်ကချွတ် ထိုးထားတဲ့ချည်ပန်းကို အောက်ချလိုက်တဲ့ အာရန့်အရှေ့မှာ အစေခံက လက်ဖက်ရည်ခွက်ကို ချပေးခဲ့တယ်။ အမှတ်တမဲ့ သူ့ကိုကြည့်လိုက်မိတဲ့ အာရန်တစ်ယောက် အစေခံရဲ့မျက်နှာကို တွေ့လိုက်ရတဲ့အခါ မျက်နှာထားတင်းသွားတော့တယ်။
“ဒါတွေမလုပ်နဲ့လို့ ပြောထားတယ်လေ အီနော့ခ်။”
“အစေခံတစ်ယောက်က သူ့အလုပ်သူမလုပ်လို့ ဘာများလုပ်ရဉီးမှာပါလဲ။”
လူချောလေးက ဘာခံစားချက်မှမရှိသလို ပြန်မေးခဲ့တယ်။
“နင်က အစေခံမဟုတ်ဘူးလေ။ နင်က ငါ့ရဲ့ ခင်ပွန်းလောင်းလို့။ ရာရာစစ ဘယ်သူက နင့်ကို အလုပ်ခိုင်းရဲတာလဲ။ ငါ့ကို ပြောစမ်းပါ၊ ငါ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ်။”
“စေ့စပ်မှုက ပျက်သွားခဲ့ပါပြီ။ ကျွန်တော်မျိုးရဲ့ မိဘတွေ ကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့်ပါ။”
“အဲ့ဒီလိုမပြောစမ်းပါနဲ့။ ငါ ခမည်းတော်ကို တောင်းဆိုလိုက်ရင် မကြာခင် နင့်ကို အရိုက်အရာ ပြန်အပ်နှင်းလောက်မှာ။”
ပြန်ပြောလိုက်တဲ့ အာရန့်အသံမှာ ယုံကြည်ချက်မရှိခဲ့ပါဘူး။
“အရှင်မင်းသမီး ဘာပဲပြောပြော ပုန်ကန်သူ သစ္စာဖောက်ရဲ့ ကလေးကို အရိုက်အရာ ပြန်အပ်နှင်းလို့မရပါဘူး။ ကျွန်တော်မျိုးကို အသက်ချမ်းသာပေးခဲ့ရုံနဲ့တင် အရှင်ဧကရာဇ်မင်းက ကြီးကျယ်တဲ့ ထောက်ထားသက်ညှာမှုကို ပြသခဲ့ပြီးပါပြီ။”
“ငါ့ခမည်းတော်က ငါတောင်းဆိုသမျှ အကုန်လုပ်ပေးတယ်လို့။”
“အရှင်မင်းသမီးရဲ့ တောင်းဆိုချက်က တရားလွန်သွားတာနဲ့ ကျွန်တော်မျိုးကို ကျွန်လုပ်ပြီး ပြန်လာလို့မရမဲ့ နေရာဆီ စေလွှတ်ပါလိမ့်မယ်။”
သူပြောတာ အမှန်ပါပဲ။ အာရန် ခေါင်းငုံ့ထားလိုက်တယ်။
“ကျွန်တော်မျိုးကို တခြားခိုင်းစရာမရှိတော့ဘူးဆိုရင် အခု သွားလိုက်ပါဉီးမယ်။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...