Chapter 21 (unicode)

1.9K 36 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၂၁ {နယ်စားမင်း ဆီးလက်စ် ၁}

နယ်စားမင်း ဆီးလက်စ် အခန်းထဲဝင်လိုက်တယ်ဆိုရင်ပဲ ထူးဆန်းတဲ့ အပူရှိန်တစ်မျိုး လေထုထဲမှာ ဝေ့ဝဲနေတာကို ခံစားမိလိုက်တယ်။ တော်တော့်ကို မသိမသာလေးပါ။ သာမန်လူသာဆို သတိပြုမိလောက်မှာ မဟုတ်ပေမဲ့ နယ်စားမင်း ဆီးလက်စ်ကတော့ သတိထားမိအောင် ထားဖြစ်ခဲ့တယ်။
သူပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား။
အဲ့ဒီအချိန်မှာ အာရန်ကတော့ မျက်လွှာချထားလျက်သာ ရှိနေခဲ့တယ်။

“ဂါရဝပြုပါတယ် အရှင်မဘုရား။”

နယ်စားမင်း ဆီးလက်စ်က ပြောခဲ့တယ်။

“အင်း ဘာကိစ္စလဲ။”

ဧကရာဇ်က မေးလိုက်တယ်။
ဧကရာဇ်ကြည့်ရတာ ပြီးခဲ့တဲ့ရက်ပိုင်း ညီလာခံမှာ တွေ့ခဲ့တုန်းကထက် အဆပေါင်းများစွာ ပိုပြီးတော့ ယဲ့ယဲ့လေး ဖြစ်နေခဲ့တယ်။ နယ်စားမင်းလည်း တဒင်္ဂလောက်တော့ သူ ပါးများအရိုက်ခံထားရသလားလို့ သံသယဝင်လိုက်မိပေမဲ့ အနီးကပ်ကြည့်လိုက်တဲ့အခါ ဧကရာဇ်ရဲ့ ဖြူဝင်းတဲ့မျက်နှာက မှဲ့စက်တစ်ပေါက်မစွန်းဘဲ နူးညံ့ချောမွေ့လို့နေခဲ့တယ်။

“ပထမဆုံးအနေနဲ့ ရုတ်တရက်ကြီး တွေ့ဆုံခွင့်တောင်းမိတဲ့အတွက် တောင်းပန်ပါတယ်။”

“ကိစ္စမရှိဘူး။ အားတော့နာပေမဲ့ ဒီနေ့ ငါ တော်တော်လေး ပင်ပန်းနေတာမို့လို့ မြန်မြန်လေး လိုရင်းကို ပြောကြတာပေါ့။”

ဧကရာဇ်က အားမပါ့တပါနဲ့ လက်ခါပြလိုက်တယ်။ သူ နေ့အရွေးမှားခဲ့တာပဲ။ မျက်နှာစိမ်းတစ်ယောက်နဲ့တွေ့ပြီး ရုတ်တရက် အလုပ်တစ်ပုံကြီးထဲ နစ်မြုပ်ရတာဟာ စိတ်ချမ်းသာစရာတော့ မဟုတ်ပါဘူး။
ဟုတ်ပါတယ်။
ဆိုးဝါးပြီး မနှစ်မြို့စရာကောင်းတဲ့နေ့ပါပဲ။

“ပြီးခဲ့တဲ့ ညီလာခံမှာတုန်းက အရှင်မဘုရား ပြောခဲ့တဲ့ အခွန်ကိစ္စ အစီအစဉ်အကြောင်းပါ။”

နယ်စားမင်း ဆီးလက်စ်က ပြောလိုက်တယ်။

“အစီအစဉ်က အခုထိ မဆုံးဖြတ်ရသေးဘူး မဟုတ်လား။”

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now