ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၂၉ {ဇနီးမယား ၁}
“ထပ်ပြီးကဖို့များ စိတ်ကူးရှိသေးလားရှင့်။”
သူတို့ထဲက အဆင့်အတန်းအမြင့်ဆုံး အမျိုးသမီးတစ်ယောက်က အီနော့ခ်ကို စကားလာပြောခဲ့တယ်။
“ကျုပ် တော်တော်မူးနေပြီဆိုတော့ ကဖို့နည်းနည်းခက်လောက်မယ်ထင်တယ်။”
အီနော့ခ်က ဖန်ခွက်အလွတ်ကိုပြပြီး အမျိုးသမီးရဲ့ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်။
“ဒါပေမဲ့ ရှင့်ကြည့်ရတာ မူးနေတဲ့ပုံလည်း တစ်စက်ကလေးမှ မပေါ်ပါဘူးနော်။”
“ဧကရာဇ်ရဲ့ ရှေ့တော်မှောက်မှာ မူးနေကြောင်း အရိပ်အယောင်ပြလို့ ဘယ်ဖြစ်ပါ့မလဲ။ အခွင့်အရေးရခဲ့ရင် နောက်တစ်ခေါက်မှပဲ ကျုပ်ဘက်ကအရင် ကခွင့်တောင်းပါ့မယ်။”
အမျိုးသမီးက စိတ်ပျက်သွားပေမဲ့ အီနော့ခ်ရဲ့ ယဉ်ကျေးသမှုရှိပုံကြောင့် နည်းနည်းလေးတောင် စိတ်ကွက်သွားပုံမရပါဘူး။ အာရန်က အီနော့ခ်ငြင်းတာ ခံလိုက်ရတဲ့ အမျိုးသမီးတွေကို အားကျနေမိခဲ့တယ်။ သူလည်းပဲ အီနော့ခ်ရဲ့ လှပပြီး ယဉ်ကျေးပျူငှာတဲ့ ပုံစံလေးကိုပဲ မြင်ခွင့်ရတဲ့သူဖြစ်ရင် ကောင်းမှာပဲ။ သူ့ရဲ့ အတွင်းပိုင်းကလှောင်အိမ်ထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဆိုးကိုမဟုတ်ဘဲနဲ့လေ။
“ဘာတွေတွေးနေတာလဲ။”
အာရန်တစ်ယောက် မှူးမတ်အနွယ်တော် အမျိုးသမီးတွေကို ငေးကြည့်နေကြောင်း တွေ့လိုက်ရချိန်မှာ အီနော့ခ်က မေးခဲ့တယ်။
“ဘာမှမဟုတ်ဘူး။”
အာရန်က သူ့အကြည့်ကို ရှောင်လိုက်တယ်။
“သူတို့နဲ့ ကချင်လို့လား။”
အီနော့ခ်က တစ်ခါ ထပ်မေးခဲ့ပြန်တယ်။
အာရန်က ရှက်ရှက်နဲ့ မျက်တောင်ခတ်လိုက်တယ်။ စားသောက်ပွဲခန်းမက ဆူညံနေပြီး မှူးမတ်တွေက အီနော့ခ်မေးခွန်းကို မကြားလိုက်ကြတဲ့ပုံပဲမို့ တော်သေးတာပေါ့။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...