Chapter 44 (unicode)

1.2K 21 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၄ {ကာကွယ်ပေးမယ် ၁}

မင်းသမီးက ဘာမှမပြောတဲ့အတွက် ဒေါသထွက်သွားတာနေမှာပဲလို့ အီနော့ခ် ခန့်မှန်းလိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်အဖြစ် ရောင်းစားခံလိုက်ရမှာကို မလိုလားတာကြောင့် ဒီလောက်နဲ့ ခွင့်ပြုပါဦးလို့ ပြောဖို့ပြင်လိုက်တယ်။
အဲ့ဒီအချိန်မှာ မင်းသမီးက သူ့လက်ကို ကိုင်လာခဲ့တယ်။ မင်းသမီးရဲ့လက်က သေးသေးလေးဆိုပေမဲ့ နူးညံ့ပြီး နွေးထွေးလှပါတယ်။

“အဲ့ဒီထက်ပိုဆိုးတာတွေလည်း ပြောလို့ရပါတယ်။ နင် စိတ်သက်သာရာရတယ်ဆိုရင် ငါ ဝမ်းသာမှာပါ။ အဲ့ဒီလိုဆိုရင် အနည်းဆုံးတော့ ငါက နင့်အတွက် နည်းနည်းပဲဖြစ်ဖြစ် အသုံးဝင်နိုင်သေးတာပဲပေါ့။”

မျက်ရည်အဝိုင်းသား မျက်လုံးလေးတွေနဲ့ မင်းသမီးက ပြုံးလိုက်တယ်။ ဒီတစ်ခါတော့ အီနော့ခ်တစ်ယောက် ပြောစရာမရှိ ဖြစ်သွားတော့တယ်။ မင်းသမီးရဲ့ မိုက်မဲမှုအဆင့်ကို လက်ခံရခက်ခက် ဖြစ်သွားခဲ့ပေမဲ့ မင်းသမီးကိုပြေးပြီး လည်ပင်းညှစ်တော့မဲ့အစား အသာလွှတ်ထားပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အာရန်ရဲ့ ခေါင်းသေးသေးလေးကို ဖွင့်ကြည့်ချင်လိုက်တာလို့တောင် တွေးမိခဲ့ပေမဲ့ ဘာကြောင့်မှန်းမသိ သူ့လက်ကို ကိုင်ထားတဲ့ အဲ့ဒီလက်သေးသေးလေးကို ဖယ်ခါချခြင်းမပြုနိုင်ခဲ့ပါဘူး။

“ကိုယ်က ခက်ခဲပင်ပန်းနေရပြီး တစ်လောကလုံးကို ဒေါသဖြစ်နေချိန်မှာ တခြားလူတွေရဲ့ ခံစားချက်ကို ဂရုစိုက်ဖို့ မတတ်နိုင်တာက သဘာဝပဲလေ။ ပြီးတော့ ငါက ဒေါသဖြစ်နေရတာတွေ၊ ပင်ပန်းနေရတာတွေမရှိပေမဲ့ နင့်ရဲ့ခံစားချက်တွေကို လျစ်လျူရှုထားခဲ့မိတယ်မဟုတ်လား။ ငါက နင့်အပေါ် ဆိုးဆိုးဝါးဝါး လုပ်ခဲ့မိတယ်ဆိုတော့ အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး။”

ဘယ်သူက အပြစ်မကင်းသလို ခံစားနေရလို့လဲ။ အရမ်းကို ရူးမိုက်လွန်းတာကြောင့် ရယ်ချင်စိတ်တောင် မရှိတော့ပါဘူး။
အာရန်က အင်္ကျီလက်နဲ့ မျက်ရည်သုတ်လိုက်ပြီး အီနော့ခ်ကို စားပွဲဆီ ဦးဆောင်ခေါ်သွားခဲ့တယ်။ ခေါင်းလောင်းသေးသေးလေးကို တီးလိုက်တယ်ဆိုရင်ပဲ အစေခံတွေက စားစရာအပြည့်ပါတဲ့ လင်ပန်းတွေနဲ့ ပေါ်လာကြတော့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now