ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၅၇
“ဟုတ်တယ်။ အခု ကောင်းသွားပြီ။ စိုးရိမ်ပေးလို့ ကျေးဇူးပဲ။”
“အားလုံးက အရှင်မဘုရားအတွက် စိုးရိမ်နေကြတာပါ။ မြန်မြန်ပြန်ကျန်းမာလာမှ ဖြစ်ပါမယ်။ အဲ့ဒါမှ နောက်များကျရင် အချစ်ဇာတ်ထုပ်မဟုတ်ဘဲ စစ်ဇာတ်ထုပ်ရဲ့ ဇာတ်လိုက် ဖြစ်လာနိုင်မှာလေ။”
“အဲ့ဒီလိုနေ့မျိုး ရောက်လာနိုင်ပါ့မလား။”
အာရန်က ပိန်လှီခြောက်ကပ်နေတဲ့ သူ့လက်မောင်းတွေသူ ငုံ့ကြည့်လိုက်တယ်။
“ဘယ်လို သဘောရပါသလဲ။ ဘာပဲဖြစ်ဖြစ် ပြဇာတ်တစ်ခုပဲကို။ တခြားဘယ်သူမှ အဲ့ဒီလိုမရေးရင်တောင် ကျွန်တော် ရေးပါ့မယ်။ အင်…အရှင်မဘုရားက အင်မတန် အင်အားရှိတဲ့သူဆိုတော့ မဟာနယ်စားမင်းရဲ့ဓားထက် ပိုကြီးတဲ့ဓားကို လွှဲတယ်လို့ ဇာတ်လမ်းဆင်လိုက်ရင် ဘယ်လိုသဘောရပါသလဲ။”
“ဘာရယ်။”
ဘယ်လောက်ပဲ ပြဇာတ်ဖြစ်နေပါစေ အဓိပ္ပာယ်မရှိပါဘူး။ မဟာနယ်စားမင်းရဲ့ဓားက အာရန့်လောက်နီးပါးကို အကြီးကြီးလေ။ အာရန်က ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ ရယ်လိုက်မိတယ်။ အနီးကပ်မှ နားမထောင်ရင် သတိထားမိမှာမဟုတ်တဲ့ တကယ့် အသံသေးသေးလေးပါ။
တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအခိုက်အတန့်မှာမှ အာရန်နဲ့ တော်တော်လှမ်းလှမ်းမှာ ရှိနေတဲ့ မဟာနယ်စားမင်းက တစ်ဖက်လှည့်ပြီး အာရန့်ကို ကြည့်ခဲ့တယ်။
အာရန်က သူ့မျက်နှာထားသူ အလျင်အမြန် ဖျောက်ဖျက်ပစ်လိုက်တယ်။ မဟာနယ်စားမင်းက အတော်အလှမ်းဝေးဝေးမှာ ရှိနေပြီး တခြားလူတွေနဲ့ စကားပြောနေတာကြောင့် ကျိန်းသေပေါက် အာရန့်ကို ကြားနိုင်မှာမဟုတ်ပါဘူး။ ယောက်ျားတွေနဲ့ ပရောပရည်လုပ်နေတယ်ဆိုတာလိုမျိုး ထူးထူးဆန်းဆန်းစကားတွေ ပြောမှာကို စိုးရိမ်မိခဲ့တယ်။
တော်သေးလို့ သူ့အကြည့်က အာရန့်ဆီကိုမဟုတ်ဘဲ နယ်စားမင်း ဆီးလက်စ်ဆီကို ဉီးတည်နေတာပါ။ သူက အရှေ့ကိုလျှောက်လာပြီး နယ်စားမင်းကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...