ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၁၉ {ချစ်သူတို့ကြား ၁}
အီနော့ခ်က သူ့လက်ကိုင်ပဝါကို အေးရာအေးကြောင်း ဆွဲထုတ်လိုက်ပြီး စိုစွတ်နေတဲ့ အာရန်ရဲ့ *နှုတ်ခမ်းသားလေးတွေကို သန့်ရှင်းသွားအောင် သုတ်ပေးလိုက်တယ်။
[ဘာသာပြန်မှတ်ချက် : ဒီမှာ *နှုတ်ခမ်းဆိုတာက မျက်နှာက နှုတ်ခမ်းမဟုတ်ပါဘူး။ အောက်ပိုင်းက အမျိုးသမီးအင်္ဂါနှုတ်ခမ်းကို ပြောတာပါ။]
လှုံ့ဆော်မှုကို မခံနိုင်လို့ထင်ပါရဲ့ အာရန် ဉီးခေါင်းကို ခါယမ်းပြီး လူးလွန့်နေခဲ့တယ်။
အီနော့ခ်က အာရန့်ကို သုတ်ပေးနေရင်း နှာခေါင်းရှုံ့ပြီးရယ်လိုက်တယ်။ အာရန်ဆီက အရည်တွေကြောင့် အီနော့ခ်ရဲ့ အင်္ကျီလက်က စိုလာခဲ့တယ်။ ဝမ်းနည်းမှုလေထုတစ်မျိုးက အခန်းထဲအနှံ့ ပျံ့နှံ့လာတာကို သူ ခံစားလိုက်ရတယ်။ အီနော့ခ်က အာရန့်ကို နည်းနည်းလောက်ထပ်ပြီး ထိပါးဉီးမလို့ တွေးလိုက်သေးပေမဲ့ အာရန့်ပခုံးတွေ တုန်ယင်နေတာကို သတိထားမိလိုက်တယ်။ ရှိုက်ငင်သံ တိုးသဲ့သဲ့လေး ထွက်လာခဲ့တယ်။
အာရန် ပျော်နေတာလား။ မျက်ရည်ကျရတဲ့ အကြောင်းရင်းက ပျော်လို့လား။ အာရန်ရဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတယ်လို့ တွေးလိုက်ရင်း အီနော့ခ် သိချင်လာမိခဲ့တယ်။
အာရန် ထရပ်ဖို့ ကြိုးစားလိုက်ပေမဲ့ အဲ့ဒီလိုလုပ်ဖို့ အခက်တွေ့နေခဲ့တယ်။ ဒါပေမဲ့လည်း သူက အဲ့ဒါကို အကြောက်အကန် လျစ်လျူရှုလိုက်တယ်။ အာရန်တစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ စားပွဲပေါ်က ဆင်းလိုက်တယ်။ သူ့ခြေထောက်တွေ ကြမ်းပြင်နဲ့ ထိသွားချိန်မှာ ယိုင်ခနဲဖြစ်သွားတော့တယ်။ အီနော့ခ်သာ အလျင်အမြန် ကူမတွဲပေးခဲ့ရင် အာရန် ဒဏ်ရာအနာတရဖြစ်သွားလောက်ပါတယ်။“လွှတ်…”
အာရန်က အီနော့ခ်ရဲ့ ရင်ခွင်ထဲကနေ လူးလွန့်ရုန်းထွက်လိုက်တယ်။ အီနော့ခ်က မတုံ့မဆိုင်းပဲ လွှတ်ပေးခဲ့တယ်။ အာရန်က မားမားမတ်မတ် ရပ်လိုက်ပြီး အီနော့ခ်ကို ကြည့်လိုက်တယ်။ ရုန်းကန်ပင်ပန်းထားရတဲ့ သူ့ခန္ဓာကိုယ်က သိသိသာသာကို တုန်ယင်နေခဲ့တယ်။ ဝမ်းနည်းမှုနဲ့ဒေါသတို့ ရောနှောပြီး အာရန့်ပါးပြင်ပေါ်မှာ အလိပ်လိုက် ပေါ်လွင်လာတော့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...