ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၃၃ {မှောင်ရိပ်ထဲကလူ ၃}
“ရပ်စမ်း။”
အာရန်က ဟိန်းဟောက်လိုက်တယ်။
“စိတ်အခြေအနေ ပုံမှန်အတိုင်းရှိတဲ့သူသာဆိုရင် အင်ပါယာကြီးရဲ့ ဧကရာဇ်ကို ဘယ်တော့မှ ညစ်နွမ်းအောင်ထိပါးဝံ့မှာမဟုတ်ဘူး။”
“ကျွန်တော်မျိုးက အမြဲတမ်း စိတ်လွတ်နေတဲ့ကောင်ပါ။ အမြဲတမ်း ဧကရာဇ်ကို လိုချင်တပ်မက်နေတာလေ။”
အမှောင်ထဲက အရိပ်လိုပုံသဏ္ဌာန်က နောက်ဆုံးတော့ သူ့နှုတ်ခမ်းကို ဖွင့်ဟလာပြီး အာရန်က သူ့အသံကို ချက်ချင်း တန်းမှတ်မိလိုက်တယ်။
“အီနော့ခ်လား။”
အာရန်က တုန်လှုပ်နေခဲ့တယ်။ သူ့မှာ အားမရှိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့မှုနဲ့ စိတ်အေးသွားမှု ခံစားချက်အရောအနှောတို့က သူ့ကို လွှမ်းခြုံသွားခဲ့တယ်။ သူ့ရဲ့ ဒီလိုပုံစံကို ဘယ်သူမှန်းမသိရတဲ့ သူစိမ်းတစ်ယောက်ဆီ ပြစရာမလိုဘူးဆိုတဲ့ အသိကြောင့် စိတ်အေးသွားရပေမဲ့ သူ့ရဲ့ အာဏာစက်က ဒီလူ့အပေါ်မှာ ဘာမှသက်ရောက်မှုမရှိဘူးဆိုတဲ့အချက်ကြောင့် ထိတ်လန့်ကြောက်ရွံ့မိရပြန်ပါတယ်။
“ဘာဖြစ်လို့လဲ။ တခြားလူတစ်ယောက် ဖြစ်စေချင်နေတာလား။”
အီနော့ခ်ရဲ့ လက်မက အာရန်ရဲ့ အထိမခံတဲ့ အစိတ်အပိုင်းလေးတွေကို အသာအယာဖိခြေလာခဲ့တယ်။
“ဘာ…ဒီလိုမလုပ်ပါနဲ့…”
အမှန်တကယ် ကြောက်ရွံ့မှုကြောင့် ဖြစ်လာတဲ့ အသနားခံတောင်းပန်မှုလေး ထွက်ပေါ်လာခဲ့တယ်။ စောစောတုန်းက အီနော့ခ်ကို ဟိန်းဟောက်နေပုံနဲ့ တခြားစီပါပဲ။ အဲ့ဒီတုန်းက အီနော့ခ်မှန်း မသိခဲ့ဘူးမဟုတ်လား။
“ညမိုက်မိုက်မှာ အရှက်တရားဆိုတာ မသိကြတဲ့ ဟိုလူတွေလိုမျိုး တစ်စုံတစ်ရာကို မျှော်လင့်ပြီးတော့ ဒီနေရာအထိ လာခဲ့တာမဟုတ်ဘူးလား။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...