ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၁၆ {အီနော့ခ် ၂}
[ဇာတ်ကြောင်းပြန်ခြင်း…]
တော်ဝင်မင်းသမီးက သူ့ခင်ပွန်းလောင်းအနောက်ကို ဘဲပေါက်ကလေးတစ်ကောင်လို တကောက်ကောက်လိုက်နေပါတယ်ဆိုတဲ့ သတင်းတွေ မှူးမတ်အသိုင်းအဝိုင်းကြားမှာ ပြန့်နေပေမဲ့ အာရန်ကတော့ ဂရုမစိုက်ခဲ့ပါဘူး။ သူက မြီးကောင်ပေါက်စအရွယ်ကို စတင်ချဉ်းနင်းဝင်ရောက်တဲ့ အချိန်အပိုင်းအခြားမှာ ရှိနေခဲ့တာလေ။ သူ့အတွေးထဲမှာ အီနော့ခ် တစ်ယောက်ကသာ ပိုင်စိုးနေရာယူထားတာမို့ ကောလာဟလ သတင်းတွေအပေါ် တစ်စက်ကလေးတောင် အရေးမစိုက်ခဲ့ပါဘူး။
မင်းသမီးရဲ့ တရားလွန် အကဲပိုလွန်းတဲ့ လုပ်ရပ်တွေကြောင့် တစ်ဖက်မှာတော့ အီနော့ခ်တစ်ယောက်ဟာ တစ်နည်းအားဖြင့် ရှက်ကိုးရှက်ကန်းလေး ဖြစ်လို့ပေါ့။ အသက် ဆယ့်ခြောက်နှစ်အရွယ်ရှိပြီး အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်လောက်နီးနီး အရပ်အမောင်းရှိတဲ့ အီနော့ခ်က သူ့ရင်ဘတ်အထိရောက်အောင်တောင် အရပ်မမြင့်သေးတဲ့ တော်ဝင်မင်းသမီးလေး အာရန်ကို သူ့ရဲ့ ညီမငယ်လေးတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။
သူ့သမီးတော် အီနော့ခ်ကို သည်းသည်းလှုပ် ချစ်ပြနေတဲ့မြင်ကွင်းကြောင့် ဧကရာဇ်မင်းကတော့ အမျက်တော်ရှတော့တာပေါ့။ အာရန်က သူ့အပေါ် တဖြည်းဖြည်း ဘာသိဘာသာဖြစ်လာပြီမဟုတ်လား။ အီနော့ခ်နဲ့ပတ်သက်ပြီး ငြင်းခုံကြတိုင်း သူ့သမီးတော်က အီနော့ခ်ဘက်ကိုပဲလိုက်လေ့ရှိပြီး ဧကရာဇ်ကတော့ ဘယ်လိုမှမတတ်သာဘဲ ခါးသီးတဲ့ လက်မခံနိုင်မှုကိုသာ စိတ်ထဲကြိတ်မျိုသိပ်ခဲ့ရလေ့ရှိပါတယ်။
ဖြစ်ချင်တော့ အာရန်လေးခမျာ အီနော့ခ်နဲ့ ခဏခဏ မတွေ့နိုင်ခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က အားနည်းပြီး ဖျားနာမှုက သူ့ရဲ့ အားနည်းတဲ့ခန္ဓာကိုယ်မှာ အမြဲစွဲကပ်နေလေ့ရှိတယ်လေ။ အထူးသဖြင့် ဆောင်းရာသီမှာ အာရန်က အပြင်းအထန်ဖျားတတ်တာမို့ ဧကရာဇ်က အာရန်နဲ့ အီနော့ခ်ရဲ့ တွေ့ဆုံမှုကို တစ်လတစ်ကြိမ်အဖြစ် ကန့်သတ်ခဲ့ရတယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...