system သို့စရောက်ခြင်း

4.1K 102 8
                                    

<Unicode>
ရှောင်းကျန့် မနက်က သူငယ်ချင်းရိပေါ်က စက်ဘီးစီး သင်ပေးမယ်ဆိုလို့ ပန်းခြံမှာ စက်ဘီးနဲ့စောင့်နေမိသည်။

၅ မိနစ်ကြာလည်း မလာသေးတဲ့ရိပေါ်ကြောင့် စောင့်ရတာကိုမုန်းတဲ့ ရှောင်းကျန့်မှာ သင်ပေးတာကိုမစောင့်ဝောာ့ဘဲ စက်ဘီးပေါ်တက်ကာ တစ်ယောက်ထဲစီးကျင့်ဖို့စတင်တော့သည်။

"စက်ဘီး စီးတာများဘာခက်လဲ လွယ်လွယ်လေး"

ဆိုပြီးစီးလိုက်တာ သစ်ပင်ကို ချစ်လွန်းလို့ အာဘွားသွားပေးရာကနေ system ဆိုတဲ့အရာနဲ့ ချိတ်ဆက်မိတော့သည်။

"နိဟောင် host"

"နိဟောင် ပါ ဘယ်သူလဲမသိဘူး"

ရှောင်းကျန့် သူ့ရှေ့က လူကိုတစ်ခါမှမတွေ့ဖူးတာအမှန်ပင်..ဟိုက လာနှုတ်ဆက်လို့ ဝတ္တရားအရပြန်နှုတ်ဆက်လိုက်သည်။

ရှောင်းကျန့် သူရောက်နေတဲ့နေရာက ဆေးရုံမှာထင်တာဘဲ အဖြူရောင်နံရံတွေနဲ့ လက်မှာလည်းဆေးပိုက်တန်းလန်းကြီး...

အရှေ့က အသက် ၂၄ အရွယ်ကောင်လေးကလည်း ဂျူတီကုတ်နဲ့ လည်ပင်းမှာ ကယ်ရီကြိုးကို ပတ်ထားသေးသည်။

ရှောင်းကျန့် နားမလည်ဖြစ်သွားပြီး

"ဟို doctor လည်ပင်းမှာ ဘာလို့ ကယ်ရီကြိုးကြီးပတ်ထားတာလဲဗျာ"

"ဒါကလား နားကြပ်ရှာတာ system တစ်ခုလုံးနှံ့နေပြီ မတွေ့လို့ ကယ်ရီကြိုးပတ်ထားတာ"

"ဗျာ system "

"ဟုတ်တယ် မိတ်ဆက်မယ်နော် ကျနော့်နာမည်က အင်း ဟဲ မေ့သွားလို့ ကျနော့်မှာနာမည်မရှိဘူး ဟီး😁"

ရှောင်းကျန့်မှာ အစက ခပ်တည်တည်နဲ့ကောင်လေးက ရုတ်တရက် ခေါင်းကုတ်ပြီး သွားအကုန်ပေါ်အောင်ရီပြလာတာကြောင့် သဘောကျသလိုဖြစ်သွားသည်။

မနေနိုင်စွာ ကောင်လေးရဲ့ ခေါင်းကိုပုတ်မိတော့ ကောင်းလေးရဲ့ဆံပင်တွေ အဝတ်တွေအကုန်လုံးက ကွာကျလာပြီး အထဲကနေ တစ်ပေလောက်သာရှိတဲ့ Panda တစ်ကောင် ထွက်လာသည်။

"ဟီး host လန့်သွားလား သားကအခုမှ system စလုပ်တာ host လန့်ပြီးထွက်ပြေးမှာဆိုးလို့သားက ခုနကလိုဟန်ဆောင်ထားတာ host လန့်သွားလားဟင်🥺🥺"

အော်သွယ်တော် system Where stories live. Discover now