6.6

405 32 4
                                    

<Unicode>
ပိုင်ရှို့ချင်း အပြင်ထွက်ပြီး ဟိုနားဒီနားလှည့်ပတ်ကြည့်ပြီး ဈေးချိုပြီးစားကောင်းမဲ့ဆိုင်ရှာဖွေလိုက်သည်။

လမ်းအတော်လျှောက်နေပေမဲ့ သူစားချင်တဲ့ဆိုင်မတွေ့သေးပေ..

'ကောကော ဘာလို့လမ်းဘဲလျှောက်နေတာလဲ ဝင်စားတော့လေ'

'ဆိုင်တွေလေ့လာနေတာ '

'ဘာလို့လဲ'

'ဈေးကြီးတဲ့ဆိုင် ဝင်မိမှာဆိုးလို့'

'ဟင် ကောကောကငမွဲမဟုတ်ဘူးလေ'

'ငမွဲမဟုတ်သလို သူဌေးလည်းမဟုတ်ဘူးလေ '

'ဟုတ်သားဘဲ ကောကော သားအကြံတစ်ခုပေးရမလား'

'ပေးကြည့်လေ'

'ကားတစ်စီးစီးရှေ့ ဝင်တိုက်ခံပြီး ပိုက်ဆံလျော်ကြေးတောင်းပါလား'

'မင်းပြောတာမဆိုး..အယ် မဟုတ်ပါဘူး ခဏနေ ဒီကကောကောလေး ခြေကျိုး လက်ကျိုး ဒုက္ခိတ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ'

'သူများက ကောကောကို သနားလို့အကြံပေးတာကို အကောင်းလည်းမမြင်ဘူး တော်ပြီး ကိုယ့်ဟာကိုယ်နေတော့မယ်'

Panda လေးမှာစိတ်ဆိုးသွားပြီး အိမ်ပြန်ကာ ပိုင်ရှို့ချင်းရဲ့ ဂိမ်း ID card နဲ့ ဂိမ်းဆော့နေတော့သည်။

ပိုင်ရှို့ချင်း ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ မစဉ်းစားတော့ဘဲဝင်ထိုင်လိုက်သည်။သူထိုင်လိုက်ချိန် အဘွားအိုတစ်ယောက်က ရောက်လာပြီး

"မြေးလေး ခေါက်ဆွဲစားမလို့လား"

"ဟို တစ်ပွဲဘယ်လောက်လဲဗျ"

"၅ ယွမ်ပါ "

"နည်းနည်းလျော့ပေးလို့မရဘူးလား သားက တစ်ကောင်ကြွက် အလုပ်မရှိအကိုင်မရှိငမွဲလေးမို့ပါ"

"ဟင်း ၃ ယွမ်ဘဲပေးပါ"

"ဟီး ဟုတ် နှစ်ပွဲယူမယ်"

"ကောင်းပါပြီ"

အဘွားအိုမှာ အသက် ၆၀  လောက်ရှိပြီမို့ လုပ်တာ နှေးနေသည်။ဆိုင်မှာလည်း စာသုံးသူက နှစ်ယောက်လောက်သာရှိသည်။

"ဒီဆိုင်က စားမကောင်းလို့များလား"

တစ်ယောက်ထဲကြားရုံလေသံနဲ့ရေ‌ရွတ်နေချိန် သူ့ရှေ့ကိုရောက်လာတဲ့ ခေါက်ဆွဲပူပူလေးနှစ်ပွဲက စားချင်စရာကောင်းလှသည်။

အော်သွယ်တော် system Where stories live. Discover now