6.1

624 35 7
                                    

<Unicode>
ရှောင်းကျန့် နောက်ကမ္ဘာရောက်တော့ computer  ရှေ့မှာထိုင်နေသည်။ screen ကိုကြည့်လိုက်တော့ အရင်ပိုင်ရှို့ချင်းက ဂိမ်းကစားနေပုံပင် ခဏခန သေနေတာကြောင့် ဆဲခံရတဲ့  message တွေမနည်းပေ

သူ့ကို ဘယ်သူမှအဖော်မခေါ်တာကြောင့် ပိုင်ရှို့ချင်းသူတစ်ယောက်ထဲ တောနက်ထဲဝင်ပြီး အဆိပ်ပြင်းတဲ့ပင့်ကူကိုသတ်ဖို့သွားခဲ့ပုံ သူ့ရှေ့မှာ ပင့်ကူကြီးက ရပ်နေသည်။ဘေးမှာလည်း ပင့်ကူကို လာသတ်တဲ့ အဖွဲ့တွေလဲရှိသည်။

အရင်ပိုင်ရှို့ချင်းက လက်နက်တွေကို သေချာမကိုင်တတ်တာကြောင့် ပင့်ကူကိုပစ်ချိန် ဘေးကအဖွဲ့တွေဆီသာ ထိမှန်တာကြောင့်ဆဲခံရခြင်းပင်

(ရှောင်းကျန့်ကို ပိုင်ရှို့ချင်းလို့သုံးပြီနော်)

ပိုင်ရှို့ချင်း သူသုံးထားတဲ့ နာမည်ကိုကြည့်လိုက်တော့

"နတ်ဆိုး"

တဲ့ နာမည်နဲ့မလိုက် သေနေတာက ၅ ခါလောက်ရှိနေပြီ တစ်ခါသေရင် ပြန်ရှင်ဖို့ ၁ မိနစ်စောင့်ရသည်။ပိုင်ရှို့ချင်းသူကိုင်ထားတဲ့ လက်နက်ကို ကြည့်လိုက်တော့ လှံဓါးတစ်ချောင်းဖြစ်နေသည်။

ထိုဓါးက သူ့အရပ်လောက်ရှည်နေပြီး   skill ကလည်း တစ်ခါမှမသုံးသေးပေ cooldownတစ်ခုမှမရှိ ပိုင်ရှို့ချင်းသူ့ဘေးက လူတွေကို ကြည့်လိုက်တော့ ကျောက်တုံးပေါ်မှာထိုင်နေသူက ထိုင် လက်ပိုက်ပြီး သူ့ကို
ကြည့်နေသူကကြည့်နဲ့ ကူဖို့တစ်ယောက်မှအတွေးရှိပုံမပေါ်

ပိုင်ရှို့ချင်း နားကြပ်ကိုတပ်လိုက်ပြီး

"ကျနော့်ကို ဘယ်သူကူချင်လဲ ရလာတဲ့ ပစ္စည်း ခွဲယူကြမယ်"

သူပြောလိုက်တော့ ရီသံတွေ ဟိန်းထွက်လာပြီး အရိပ်လေး ဆိုတဲ့သူက

"မေးမနေနဲ့ မင်းကိုဘယ်သူမှ မကူဘူး ဒီနေရာကနေထွက်သွားလိုက်တော့ငါတို့ဘာသာယူတိုက်မယ်"

"ဘယ်သူမှမကူဘူးဆိုလည်းရတယ် ဒါပေမဲ့ ငါတိုက်ပြီးရင်တော့ လာမလုကြနဲ့ "

"အရင်နိုင်အောင်သာတိုက်စမ်းပါ"

ပိုင်ရှို့ချင်း ဓါးကို အဆင်သင့်ပြင်လိုက်ပြီး ပင့်ကူကြီးဆီပြေးသွားလိုက်သည်။ဓါးကိုမြှောက်လိုက်ပြီး ခေါင်းတည့်တည့်ပိုင်းလိုက်တော့
ပင့်ကူကြီးက စိတ်တိုလာပြီး အဆိပ်ငွေ့တွေ မှုတ်ထုတ်လာသည်။

အော်သွယ်တော် system Where stories live. Discover now