system space

720 55 13
                                    

<Unicode>
ရှောင်းကျန့် ထိုကမ္ဘာမှာသေဆုံးပြီးချိန် space ၌ပြန်လည်နိုးထလာခဲ့သည်။သူနိုးလာချိန်ထိ Panda လေးဟာ ပက်လက်လန်ရင်း အိပ်ပျော်နေသည်။

ပါးစပ်ထောင့်ကနေ စီးကျနေတဲ့သရေတွေဟာလည်း ဒီ system ဘယ်လောက်ထိအိပ်ပျော်နေလဲဆိုတာ သက်သေတည်နေသည်။

ရှောင်းကျန့် system အနားခြေသံဖွဖွလှမ်းပြီးလျှောက်သွားလိုက်သည်။အနားရောက်တာနဲ့

"အား!!!!!!!....."

ဆိုပြီးအာပြဲနဲ့အော်လိုက်သည်။ Panda လေးမှာ ချက်ချင်းထထိုင်ပြီး

"အား...သရဲ!!!!..."

"ဘာသရဲလဲ ကောကောလေ သေမနေနဲ့ ထတော့"

"သားသားက သေနေတာမဟုတ်ပါဘူးနော် အိပ်နေတာ သိလည်းမသိဘဲနဲ့ ဟွန့်😤"

"‌မှတ်သားလောက်ပါပေတယ် လုပ်စရာရှိတာလုပ်ပေးတော့"

"အင်းပါ အရင်ကမ္ဘာမှာ points 1000 ရပါတယ် လက်ကျန် points 3190 နဲ့ပေါင်းရင် total points 4190 ပါ"

"ဒီကမ္ဘာမှာရော သင်စရာရှိသေးလား"

"ရှိပါတယ် စီးပွားရေးပါ ရွေးချယ်စရာမရှိပါဘူးကောကော"

"Ok "

ရှောင်းကျန့်လည်းပြောပြီး လွှဲပေးမဲ့အချိန်ကိုမျက်လုံးမှိတ်ပြီးစောင့်နေလိုက်သည်။

"ကောကော ဘာလို့မျက်လုံးမှိတ်နေတာလဲ တံခါးဆီအမြန်သွားတော့လေ"

"ဟမ် မှတ်ဉာဏ်ထဲတန်းမလွှဲပေးဘူးလား"

"ဟင့်အင်း သွားသင်ရမှာ"

"အေးပါကွာ"

ရှောင်းကျန့်လည်း ပွင့်နေတဲ့တံခါးဆီဝင်သွားပြီး စီးပွားရေးသွားသင်တော့သည်။အနှစ် ၂၀ ကြာပြီးနောက်ပြန်ထွက်လာခဲ့လေသည်။

"ကောကော profile ပြမယ်နော်

အမည်-ရှောင်းကျန့်

အသက်-20

လိင်-ကျား

လိင်တိမ်းညွှတ်မှု-ကျား

ရရှိထားသောpoint-4190

ပြီးမြောက်သောကမ္ဘာ-4

တတ်မြောက်ထားသော ပညာရပ်-အတိုက်အခိုက်၊ဂီတ၊အပြေးစွမ်းရည်၊စီးပွားရေး

အော်သွယ်တော် system Where stories live. Discover now