6.9

391 28 2
                                    

<Unicode>
ပင့်ကူတောနက်ကနေထွက်လာချိန်

"ကလေး အခုဘယ်သွားကြမလဲ"

"ပစ္စည်းသွားလုမယ်.. မင်းငါ့ကိုအရင်က နတ်ဆိုးလို့ခေါ်တယ် ပြီးတော့နတ်ဆိုးကလေး အခုကြတော့ဘယ်လိုလုပ်ကလေးဖြစ်သွားတာလဲ"

"ကလေးမကျေနပ်ဘူးလား"

"အဲ့လိုလည်းမဟုတ်.."

"မကျေနပ်ရင် ကိုယ့်ကို ကိုကိုလို့ပြန်ခေါ်လေ ကိုယ်ကစိတ်မဆိုးတတ်ပါဘူး"

"ကိုကို??"

"အင်း ဒီနာမ်စားက ကလေးအတွက်သီးသန့်"

"အပြင်မှာတွေ့လို့ရမလား"

"ရတာပေါ့ လုံးဝရတယ် ကိုယ်မနက်ဖြန် ကလေးဆီလာခဲ့မယ်နော် ကိုယ့်ကိုစောင့်နေ"

"အင်း"

နှစ်ယောက်သား ပစ္စည်းလုဖို့ မြေပုံဆီကြည့်လိုက်သည်။ကျောက်တုံးတောနက်ထဲတွင် လူအများစုဝေးနေတာကို တွေ့လိုက်ရတာကြောင့် ကျောက်တုံးတောနက်ဆီထွက်လာခဲ့ကြသည်။

မိနစ်အနည်းငယ်လျှောက်ပြီးချိန် ကျောက်တုံးတောနက်သို့ရောက်လာခဲ့ကြသည်။ကျောက်တုံးတောနက်ဆိုတဲ့အတိုင်း ကျောက်တုံးတွေကနေရာအနှံအပြားရှိနေသည်။

တိုက်ပွဲနီးစပ်ရာဆီသွားပြီးနောက် ကျောက်တုံးအကြီးနောက်မှာပုန်း‌နေလိုက်သည်။သူ့ရည်ရွယ်ချက်က လူတွေဆီကနေ ပစ္စည်းကောက်ဖို့ဖြစ်သည်။

အရင်တစ်ခါကလည်းလုဖူးပြီးသားမို့ မလုတတ်မှာမဆိုးရိမ်ပေ...သူတို့ကြည့်နေချိန် လူတစ်ယောက်က ဒဏ်ရာတွေနဲ့ အသက်  15% သာကျန်တော့သည်။

ထိုလူက အနောက်ကိုတဖြေးဖြေးဆုတ်ရင်း နတ်ဆိုးတို့ရှိရာဆီဆုတ်လာနေသည်။နတ်ဆိုး သူ့နောက်မှာထိုင်နေတဲ့လူကို

"ကိုကို တိုးတိုးနေ ကလေးဘဲသွားလုလိုက်မယ်"

"အင်း"

နတ်ဆိုး ခြေသံကိုဖွဖွနင်းကာ ပုန်းနေရာက ထွက်လာပြီး ထိုလူဆီသွားလိုက်သည်။ထိုလူကလည်း အရှေ့ကိုသာကြည့်ပြီး နောက်ဆုတ်နေတာကြောင့် နတ်ဆိုးကိုမတွေ့ပေ...

နတ်ဆိုးဓါးနဲ့ထိုလူရဲ့လည်ပင်းကိုတစ်ချက်လှီးကာ ရင်ဘက်ထဲဓါးနဲ့ထိုးလိုက်သည်။ဒါတောင်အသက်က 5% ကျန်သေးတာကြောင့် ခေါင်းကနေ ထက်ခြမ်းခွဲလိုက်သည်။

အော်သွယ်တော် system Where stories live. Discover now