<Unicode>
တရှုးရှုးနဲ့ဒေါသထွက်နေတဲ့ ထိုအမကြီးက ဒေါသထွက်ပြီးတရှုးရှုးနှာမှုတ်နေတဲ့ နွားမကြီးပမာ....ဒါကိုတွေ့လေ နေခြည်သွေးတို့ကပျော်လေပင်...ရောင်လင်းရှိန်ရဲ့ လက်မောင်းကို တွယ်လိုက်ပြီး
"ကိုကို ကလေးပင်ပန်းနေပြီ ကိုကို့အိမ်ပြန်ရအောင်"
"ကလေးသဘော ဟျောင့်တွေ ငါပြန်ပြီနော်"
လက်ပြကာ ပြန်သွားတဲ့ ရောင်လင်းရှိန်တို့နှစ်ယောက်ရဲ့ နောက်ကျောကို ထိုမိန်းကလေးက ဒေါသမျက်ဝန်းနဲ့စိုက်ကြည့်နေသည်။
ရောင်လင်းရှိန် car parking က သူ့ကားကိုသွားယူပြီး နေခြည်သွေးနဲ့အတူ သူငှါးနေတဲ့တိုက်ခန်းကိုမောင်းလာခဲ့သည်။
အိမ်ကိုတော့မပြန်ချင်သေးဘူး ဘာလို့လဲဆို ပြန်တာနဲ့ အကျင့်စာရိတ္တပျက်ပြားနေတဲ့ S Group ကသူဌေးနှာဘူးကိုလက်ထပ်ရတော့မှာလေ...
လက်မထပ်ချင်ပါဘူး.. အရင်ကတော့ တစ်သက်လုံးလူပျိုကြီးလုပ်မယ်တွေးထားပေမဲ့ ကလေးနဲ့တွေ့ဆုံပြီးချိန် ကလေးနဲ့အိုမင်းသည်အထိနေမည်ဆိုပြီး အတွေးပြောင်းလိုက်ရသည်။
တိုက်ခန်းကိုရောက်တော့ အခန်းတံခါးကိုဖွင့်လိုက်ချိန် နေခြည်သွေးက ဆိုဖာပေါ်ပစ်လဲလိုက်သည်။
"အား ညောင်းလိုက်တာ ကားစီးလိုက်ရတော့ အားကုန်သွားပြီ"
"အားကုန်သွားရင် ကိုယ်က အားဖြည့်ပေးမှာပေါ့"
ရောင်လင်းရှိန် ကားသော့ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး သူ့ကိုမျက်လုံးဝိုင်းဝိုင်းတွေနဲ့ကြည့်နေတဲ့ ကလေးကို အပေါ်က အုပ်မိုးကာ နှုတ်ခမ်းပါးလေးကို အနမ်းခြွေလိုက်သည်။
အစက ဖြေးဖြေးသာနမ်းပေမဲ့ သူ့ကလေးက တုန့်ပြန်ပြီး အသံထွက်သည်အထိနမ်းလာတာကြောင့် အနမ်းတွေကိုပြင်းရှစေလိုက်သည်။
အသက်ရှုသံတွေပြင်းထန်လာပြီး ညည်းသံကိုကြားလိုက်ရတော့ ရောင်လင်းရှိန် အနမ်းကိုမပြတ်စေဘဲ နေခြည်သွေးကို ခါးစောင်းထက်မှာ ပွေ့ပြီး အိပ်ခန်းဆီခေါ်ဆောင်လာခဲ့သည်။
![](https://img.wattpad.com/cover/364231147-288-k438759.jpg)