6.19

407 28 2
                                    

<Unicode>
နတ်ဆိုးနဲ့ တိုက်ခိုက်သူမှာအချိန်အနည်းငယ်ကြာတဲ့အထိတိုက်ပြီးနောက်မှာ နတ်ဆိုးအနိုင်ရရှိသွားသည်။

တိုက်ခိုက်သူရဲ့ကိုယ်လုံးဟာလည်း မြေပြင်ပေါ်မှာလဲကျနေရင်းကနေ မြူမှုံတွေအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားသည်။နတ်ဆိုးရဲ့အသက်က 75% သာရှိတော့သည်။

......

ဖန်းချဲ သူ့အရှေ့မှာရပ်နေတဲ့သူကိုကြည့်လိုက်တော့ ထိုသူက တိုက်ခိုက်သူဖြစ်နေသည်။ဓါးရှည်တစ်လက်နဲ့ဓါးမြှောင်တစ်ချောင်းကို ကိုင်ထားပြီး မျက်နှာမှာလည်း အပြုံးကိုချိတ်ဆွဲထားသေးသည်။

ဖန်းချဲသူ့ကလေးဆီ‌သွားရအုံးမှာမို့အချိန်ဆွဲမနေတော့ဘဲ သေနတ်နဲ့ပစ်လိုက်သည်။သူပစ်လိုက်တာကို တိုက်ခိုက်သူက အေးဆေးရှောင်ကာ ဘေးကိုပတ်ပြေးနေသည်။

ဖန်းချဲ သူ့ကိုပတ်ပြေးနေတဲ့တိုက်ခိုက်သူကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးခေါင်းခါကာ သူ့သေနတ်ထဲမှာဖွက်ထားတဲ့ ကြိုးနဲ့ တိုက်ခိုက်သူရဲ့ခြေထောက်ဆီလှမ်းချိတ်လိုက်သည်။

ပြေးနေတဲ့တိုက်ခိုက်သူမှာ ခြေထောက်ကို ကြိုးလာချိတ်ချိန် ‌မြေပြင်ပေါ်လဲကျသွားသည်။

ဒါကို ချန်ရှင်းယွဲ့က အခွင့်ကောင်းယူပြီး သေနတ်မှာရှိတဲ့ skill အကုန်လုံးသုံးပြီး ပစ်တော့သည်။

တိုက်ခိုက်သူမှာ သူ့ဓါးနဲ့ကာနေပေမဲ့ damage တွေထိတာကြောင့် အသက်ဟာလျင်မြန်စွာလျော့ကျကုန်သည်။

အသက် 10% သာကျန်တော့တဲ့အချိန် သူ့ဓါးနဲ့ကြိုးကိုဖြတ်လို့ရသွားသည်။ကြိုးကိုဖြတ်နေတာကြောင့် အရှေ့ကိုမကြည့်မိဖြစ်သွားသည်။

ကြိုးပြတ်သွားတာကြောင့် ထရပ်ပြီးပြေးဖို့ပြင်ချိန် ချန်ရှင်းယွဲ့ရဲ့လောင်ချာစာမိကာ အသက်ကုန်ဆုံးသွားပြီး မြူမှုန်‌ပြောင်းကာသေဆုံးသွားတော့သည်။

ဖန်းချဲသေနတ်ပြောင်းဝကို

"ဖူး.."

ဆိုပြီးလေမှုတ်ကာ မြေပုံပေါ်မှာပေါ်နေတဲ့ သူ့ကလေးရဲ့တည်‌နေရာဆီထွက်လာခဲ့သည်။

အော်သွယ်တော် system Where stories live. Discover now