2.8

1K 60 6
                                    

<Unicode>
ကျောက်ဆန်းယွင်နဲ့ ဝမ်ကျင်းဆွေ နန်း‌တော်ထဲပတ်ကြည့်ဖို့ထွက်လာကြသည်။ဒီခေတ်မှာက လိင်တူချစ်ကြိုက်ပြီးလက်ထပ်တာတွေမရှိသေးပေ...

ကျောက်ဆန်းယွင် သူ့ကိုကိုပြောခဲ့ရမှာဆိုးတာကြောင့် သူငယ်ချင်းလို ခပ်ခွာခွာသာ လျှောက်ပေမဲ့ ဝမ်ပိုပိုက သူ့ကိုမချစ်တော့တာလားဆိုပြီး အထင်လွဲသွားသည်။

မျက်နှာအနည်းငယ်ပျက်သွားတာကို ကျောက်ဆန်းယွင်ကတွေ့ပြီးလေသံတိုးတိုးနဲ့

"ကိုကို ဘာဖြစ်လို့လဲ"

"ကလေးငယ်က ကိုယ့်ကိုမချစ်ဘူး"

"ချစ်ပါတယ် "

"ချစ်တယ်သာပြောတာ ဝေးဝေးလျှောက်နေတယ်"

"မဝေးပါဘူး ကြားမှာ ၆ လက်မလောက်ဘဲခြားတာကို"

"ကလေးငယ်အတွက် ၆ လက်မဘဲခြားပေမဲ့ ကိုယ်အတွက်က ပင်လယ်ခြားနေသလိုဘဲ အဲ့ကြောင့် အနားတိုးလာခဲ့နော်"

"ပိုကိုပိုတယ်"

ကျောက်ဆန်းယွင်လည်း မျက်စောင်းထိုးပြီးပါးစပ်ကပြောနေပေမဲ့ ၃ လက်မလောက်ထပ်တိုးလာခဲ့သည်။

ဒါကိုပင် ဝမ်ကျင်းဆွေက သက်ပြင်းရှည်ချပြီး

"ဟူး ..ကလေးငယ်ရယ် ကိုယ်က ရောဂါသည်မဟုတ်ပါဘူး အဲ့လောက်မကြောက်ပါနဲ့"

(ပြောပါတယ် ဝမ်ပိုပိုလို့ 😌😌)

ကျောက်ဆန်းယွင်လည်း ခေါင်းခါလိုက်ပြီး အသားချင်းထိပြီး

"ဒီလောက်ဆိုရပြီလား"

"ရပြီဆိုပေမဲ့ သိပ်မရသေးဘူး"

"ကိုယ်ပေါ်တက်နေပေးရမှာလားဟ"

"ကောင်းတာပေါ့"

ဝမ်ကျင်းဆွေက ပြီတီတီအပြုံးနဲ့ ကောက်ပွေ့လိုက်သည်။

"လွှတ် လွှတ်လို့ သူများတွေတွေ့ကုန်မယ် ချပေး"

"ကလေးငယ်နဲ့ လက်ထပ်ပြီးရင် အချိန်ပြည့်ချပေးမယ်နော် အခုဝောာ့ ပွေ့ရုံဘဲပွေ့မယ်"

"ဘာ ဘာတွေပြောနေတာလဲ အောက်ကိုချပေးလို့"

"မသိပါဘူး ကိုယ်က 😋😋"

အော်သွယ်တော် system Where stories live. Discover now