3.5

776 49 10
                                    

<Unicode>
အာရမ်နဲ့ရာအန်ဒါပြိုင်ပွဲကွင်းကိုရောက်တော့ လူတွေအများအပြားလည်းရောက်ရှိနေပြီဖြစ်သည်။

'ကောကောရေ ပြိုင်ပွဲကို host ကိုယ်တိုင်ဝင်ပြိုင်ရမှာနော်'

'သိပါတယ်ကွာ '

'ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ'

'မပူပါနဲ့ ကိုကိုတစ်ယောက်လုံးရှိတယ်'

'လင်အားကိုးနဲ့'

'နင့်မှာတောင် အားကိုးစရာလင်ရှိလို့လား '

'သားသားကငယ်သေးတယ် အသက် ၂၀ ကျော်တဲ့လူတွေတောင်ရည်းစားမရှိသေးတာကို သားသားက လင်ရှိစရာလား'

အာရမ်နဲ့ရာအန်ဒါနားဖို့နေရာရောက်တော့ အာရမ်လူတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်သွားသည်။

ဆွဲဖက်တဲ့လူကိုကြည့်လိုက်တော့ ကာသီဆမ်ဖြစ်နေသည်။ရဲဝတ်စုံနဲ့မဟုတ်ဘဲ ကွက်ကြားအင်္ကျီကို အသားရောင်ဘောင်းဘီရှည်နဲ့တွဲဝတ်ထားသည်။ဒီလိုပုံနဲ့ကြည့်ကောင်းပေမဲ့ရဲဝတ်စုံနဲ့ပိုလိုက်ဖက်သည်။

"အာရမ် ဘာလို့ကြာနေတာလဲ"

"မကြာပါဘူး ကိုကိုကသာမြန်နေတာပါနော်"

ရာအန်ဒါဖက်ပြီး စကားပြောနေတဲ့နှစ်ယောက်ကိုကြည့်ပြီး ခေါင်းကုတ်လိုက်မိသည်။

"ရဲမှူးက ကျမအကိုကို့ အတော်ခင်တာဘဲနော်"

"ခင်တာမဟုတ်ဘူး ချစ်တာ"

"အဟားဟား ရဲမှူးကအတော်နောက်တတ်တယ်နော်"

ဟုတ်တယ်လေ ဘယ်သူက လိင်တူချစ်ကြိုက်လို့လဲ ဒီလိုတစ်ခါမှမတွေ့ဖူးသလို ကြားလည်းမကြားဖူးဘူး...

သူမ မသိတာက မကြာခင်ကြားဖူးရုံတင်မက မမြင်ချင်လောက်အောင်ကိုမြင်ရပြီး ခွေးစာတွေတပို့တနင့်စားရတော့မယ်ဆိုတာကိုပင်...

ကာသီဆမ်က ရာအန်ဒါရဲ့အပြောကိုကြားတော့ မျက်မှောင့်ကြုံ့လိုက်မိသည်။အာရမ်လည်း သူ့ကိုကိုကိုကြည့်လိုက်ပြီး ကော်လံကိုဆွဲကာ နှုတ်ခမ်းချင်းထိကပ်လိုက်သည်။

"ပြွစ် မျက်မှောင့်ကြီးကြုံ့မနေနဲ့ ရုပ်ဆိုးတယ်"

"ကိုယ့်လောက်ချောတာကိုယ်ဘဲရှိတယ်"

အော်သွယ်တော် system Where stories live. Discover now