1.1

2.2K 92 6
                                    

<Unicode>
ရှောင်းကျန့် ဒီကမ္ဘာရောက်တော့ စားပွဲခုံပေါ်တစ်ခုမှာ မှောက်အိပ်နေသည်။‌

'ကောကော ကမ္ဘာကူးပြောင်းတာ နာလားဟင်'

'မနာပါဘူး ဘာလို့လဲ'

'တော်သေးတာပေါ့ သားသားက ကောကောနာမှာဆိုးပြီး ဖြေးဖြေးကလေးဘဲပို့လို့'

'ကျေးဇူးတင်ပါတယ် သားသားရယ် အခုကောကောက ဘာဆက်လုပ်ရမှာလဲ'

'ကောကော ရောက်နေတဲ့နေရာကြည့်လိုက်'

ရှောင်းကျန့် Panda လေးပြောတဲ့အတိုင်းကြည့်လိုက်တော့ စာသင်ခန်းထဲရောက်နေသည်။

ကျောင်းသားတွေအကုန်လုံးက ဆူညံနေပြီး လုပ်ချင်ရာလုပ်နေကြသည်။တစ်ချို့ဆို အတန်းထဲမှာ kissing ဆွဲနေကြသည်။

ရှောင်းကျန့် သူ့အသက်က အခု ၂၀ ဆိုပေမဲ့ ဒီလိုအရာတွေကို ရှောင်ရှားပါသည်။ရည်းစာတောင်မထားဖူးတဲ့ လူပျိုစစ်စစ်ပါ...

အဲ သူ့အသားကိုလည်း ဘယ်သူ့ကမှမကိုင်ဖူးဘူး ကိုင်ဖူးတာဆိုလို့ ရိပေါ်နဲ့ ပါးမားဘဲရှိတာ ရိပေါ်ကလား အင်း မကိုင်နဲ့ပြောလည်း ဇွတ်ကိုင်ကိုင်နေလို့ လွှတ်ထားလိုက်တာ..

'ကောကော ဇာတ်ကြောင်းပို့ပေးမယ်နော်'

'ပို့လေ'

မကြာခင်မှာဘဲ ရှောင်းကျန့် မှတ်ဉာဏ်ထဲ ဇာတ်ကြောင်းတွေအလုံးအရင်းဝင်လာတော့သည်။

ဇာတ်ကြောင်းဝင်ပြီး ခဏအကြာမှ
ရှောင်းကျန့် ဇာတ်ကြောင်းကို မျက်လုံးမှိတ်ရင်းဖတ်ကြည့်တော့သည်။

ဇာတ်ကြောင်းက မြန်မာနိုင်ငံက အထက်တန်းကျောင်းတစ်ကျောင်းရဲ့ဇာတ်လမ်းဖြစ်သည်။

ဇာတ်လိုက် ဇာတ်လိုက်မ မပါဘဲ ကျောင်းသားတွေအကြောင်းကိုအခြေခံထားသည်။

အခုရှောင်းကျန့်ရောက်နေတဲ့အခန်းက 10 F အခန်းဖြစ်သည်။သူတို့အခန်းက လူတွေက အလွန်ဆိုးသွမ်းတာကြောင့် ဆရာ၊ဆရာမတွေက လွှတ်ထားတာဖြစ်သည်။

ဒီကလေးတွေက အခုလို‌ဆိုသွမ်းနေတယ်ဆိုတာကလည်း ဆိုဆုံးမရဲတဲ့သူမရှိလို့ဖြစ်သည်။ဘာလို့လဲဆိုတော့ ဒီအခန်းမှာက ချမ်းသာတဲ့သားသမီးတွေနဲ့ပြည့်နေလို့ဖြစ်သည်။

အော်သွယ်တော် system Where stories live. Discover now