6.3

491 34 3
                                    

<Unicode>
မနက်နိုးထလာချိန် နာရီကြည့်လိုက်တော့

"ဟာ ၇ နာရီတောင်ထိုးသွားပြီလားဟ ခဏဘဲအိပ်လိုက်တာကို"

ပိုင်ရှို့ချင်း မျက်နှာအမြန်သစ်ပြီး အချိန်ပိုင်းလုပ်ရမဲ့ ကော်ဖီဆိုင်သို့ပြေးတော့သည်။အဲ့အချိန်ပိုင်းအလုပ်က မနက် ၇:၃၀ ကနေ ၉ နာရီထိဖြစ်သည်။

နောက်ထပ်အလုပ်တစ်ခုက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်တာပင်..အချိန်က 9:30 ကနေ 11 ထိဖြစ်သည်။

နေ့လည်နားချိန်ပြီးတော့ စာကြည့်တိုက်တစ်ခုမှာ စာအုပ်စီရတာကို 1 နာရီကနေ 2 နာရီထိလုပ်သည်။ဒါပြီးရင်တော့ တစ်ညနေလုံးအားပြီ..

ပိုင်ရှို့ချင်း ကော်ဖီဆိုင်ကိုအပြေးသွားချိန် အလုပ်စဖို့ 5 မိနစ်သာလိုတော့သည်။မနက်စာကို ကော်ဖီဆိုင်ကရောင်းတဲ့ ကိတ်မုန့်အချို့တစ်ပွဲကို မှာစားလိုက်ပြီးအလုပ်ဝင်ခဲ့သည်။

တစ်နေရာပြီး တစ်နေရာလုပ်ပြီးချိန် သူစောင့်စားနေတဲ့ ညနေ 2 နာရီသို့ရောက်လာခဲ့သည်။မုန့်စားဖို့ခေါ်နေတဲ့ စာကြည့်တိုက်ပိုင်ရှင်ကိုလည်း အားနာပါးနာငြင်းပြီး မုန့်ထုပ်ကိုအိမ်သို့သာ ယူလာခဲ့သည်။

အိမ်ရောက်တာနဲ့ အိတ်ကပ်ထဲအမြဲဆောင်ထားတဲ့ ဂိမ်း ID card ပြားကို ထုတ်လိုက်ပြီး ထည့်တဲ့နေရာမှာထည့်ပြီး ဂိမ်းထဲဝင်လိုက်သည်။

သူဝင်လာလာချင်း

"ဟိုင်းနတ်ဆိုးကလေး ဝင်လာပြီနော်"

ဆိုတဲ့ message ကိုတွေ့လိုက်ရသည်။နတ်ဆိုးလည်း message box ကနေ

"အင်း အလုပ်နည်းနည်းများနေလို့ "

ပြောလိုက်ရင်းနားကြပ်ကိုပါတစ်ခါထဲ တပ်လိုက်သည်။သူနားကြပ်တပ်လိုက်ချိန် တစ်ခြားတစ်ဖက်က ခရမ်းချဉ်သီးရဲ့အသံခပ်ဩဩလေးကိုကြားလိုက်ရသည်။

"နတ်ဆိုးကလေး ဒီနေ့ အဆင့်တင်ကြမလား"

"တင်ကြတာပေါ့ "

နှစ်ယောက်လုံးက အဆင့်တင်ဖို့ Rank lobby ထဲဝင်လိုက်ပြီး တစ်ခြား လူ ၃ ယောက်နဲ့အတူ ကွင်းပြင်ကျယ်ထဲရောက်သွားသည်။

အော်သွယ်တော် system Where stories live. Discover now