<Unicode>
တံခါးဘောင်မှာ ရပ်ရင်းအိပ်ငိုက်နေတဲ့ ကျောက်ဆန်းယွင်ကို Panda လေးကအမြင်ကပ်၍ အနောက်ကနေ ပြေးရင်း ခေါင်းနဲ့ပြေးဆောင့်လိုက်သည်။ကျောက်ဆန်းယွင်မှာ အရှေ့ကို ခြေကားယားလက်ကားယားနဲ့ ခွေးကျဝက်ကျ ပြုတ်ကျသွားတော့သည်။
အိပ်ချင်နေတဲ့စိတ်တွေပျောက်သွားကာ ထရပ်ရင်း
"ဘယ်ကောင်လဲ ငါ့ကိုကန်တာ ထွက်ခဲ့စမ်း ခွေးမသားလေး"
ကျောက်ဆန်းယွင် အရှေ့အနောက်မကြည့်ဘဲ အော်ပြောနေမိသည်။ကျန်တဲ့လူတွေကတော့ အလှလေးက ဆဲတတ်တာကြောင့် ပါးစပ်ဟပြီး မျက်လုံးပြူးပြူးနဲ့ကြည့်လာကြသည်။
"အ နေတာလဲ ဘယ်ကောင်လဲလို့ မေး ...မေး...အဟဲ ဒီက အဆွေတို့ကျနော့်ဆီလာကြတာလား"
ဆိုပြီး မျက်နှာချိုသွေးရင်း ပြန်မေးလိုက်သည်။ရှေ့မကြည့်နောက်မကြည့်ဆဲမိတဲ့ ကိုယ့်ကိုယ်လည်း အပြစ်တင်လိုက်မိသည်။
'အာယား ရှောင်းကျန့်ရှောင်းကျန့် ရှေ့နောက်မကြည့်ဘဲ ဆဲရလား ယဉ်ကျေးသိမ့်မွေ့တဲ့အလှလေးဆိုတဲ့ ငါ့ image တော့ဂွမ်းပါပြီ'
'ဟား ဟား မှတ်ပလား အိပ်ငိုက်ချင်အုံး'
'မင်း မျက်ကွင်းညိုကြီး မင်းပေါ့'
'ဟုတ်တယ် အခုတော့ ရှေ့ကလူတွေကို ဖြေရှင်းလိုက်ပါအုံး အဟား'
ကျောက်ဆန်းယွင်လည်း နူးညံ့တဲ့အသွင်ပြန်ပြောင်းလိုက်ပြီး
"အိမ်ထဲဝင်ပြီး ရေလေးဘာလေးသုံးဆောင်ကြပါအုံး"
ထိုအခါမှ အကုန်လုံးက အသိပြန်ဝင်လာပြီး ခုနကအဖြစ်အပျက်တွေက အိမ်မက်မက်နေသလို နိုးလာတာနဲ့ပျောက်ကွယ်သွားသည်။
လာကြတဲ့လူတွေထဲက ခေါင်းဆောင်နဲ့တူတဲ့တစ်ယောက်က
"ကျနော်တို့က ဂီတပညာသင်ကြားချင်လို့ လာခဲ့ကြတာပါ"
"အော် ဟုတ်ကဲ့ အသပြာရောပါကြလားဗျာ"
"အခကြေးငွေက ဘယ်လောက်လောက်များပေးရမလဲ"
"မများပါဘူး တစ်ယောက်ကို အသပြာ ၁၀၀ စီပါ တတ်မြောက်တဲ့ထိ သင်ပေးမှာမို့ အလွန်တန်တဲ့ဈေးပါ"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)