<Unicode>
ဇီ လွတ်နေတဲ့လက်နဲ့ ဇူးရဲ့ ခေါင်းကိုနိမ့်ချကာ နှုတ်ခမ်းလေးတွေကို ထိကပ်လိုက်သည်။
ဇူးက ကြောင်အနေပေမဲ့ ခဏပါဘဲ အနမ်းတွေကို သူ့ဘက်ကဦးဆောင်ကာ ပြန်လည်နမ်းရှိုက်လိုက်တော့သည်။ကျောင်းသူကျောင်းသားတွေကတော့ ပါးစပ်လေးဟကာ ကြည့်နေကြသည်။မိုကတော့ လက်သီးစုပ်ကာ ရှေ့ကမြင်ကွင်းကို ဒေါသထွက်နေတဲ့မျက်ဝန်းနဲ့ကြည့်နေသည်။
ဇိုကတော့ သူ့ဘေးက မိုရဲ့မျက်နှာကိုကြည့်နေလေသည်။ဇီလည်း အသက်ရှုကြပ်လာမှအတင်းနမ်းနေသူကို လက်နဲ့အသာတွန်းလိုက်သည်။
"ဟူး ဘာလို့အတင်းနမ်းနေတာလဲ"
"ကလေးအရင်စတာနော် ကိုယ်ကအလိုက်သင့်စီးမျှောပေးရုံဘဲရှိတာ"
"ဟုတ်ပါတယ် ကလေးအမှား ဒါနဲ့ဘာလို့ ကလေးအနမ်းကိုတုန့်ပြန်တာလဲ ပြော"
"ကလေးကရော ဘာလို့ကိုယ့်ကိုလာနမ်းတာလဲ"
"ဟာ ကလေးအရင်မေးတာကို အရင်ဖြေ ဖြေလို့"
"ချစ်လို့ကွာ ချစ်လို့ ဟုတ်ပြီလား နယ်စပ်မှာ တွေ့တဲ့အချိန်မြင်မြင်ချင်းချစ်မိသွားတာဟုတ်ပြီလား"
(ဒီနယ်စပ်က အရင်အပိုင်းတွေမှာရေးထားတဲ့နယ်စပ်ပါ တရုတ်နယ်စပ်ဟုတ်ဝူးနော်🤭🤭)
"အဲ့ဒါဆို ဘာလို့ ကလေးကိုအမြန်မဖွင့်ပြောတာလဲ ဒီကစောင့်နေရတာအကြာကြီး စိတ်ဆိုးတယ်"
လက်ပိုက်ပြီး နှုတ်ခမ်းဆူကာ တစ်ဖက်လှည့်သွားတဲ့ ဇီကို ကြည့်ပြီး ဇူးက တစ်ချက်ရီကာနောက်ကနေ သိမ်းကြုံးဖက်လိုက်သည်။
လည်ဂုတ်ကိုပါ နှုတ်ခမ်းနဲ့ထိကပ်လိုက်ပြီး
"ကိုယ့်သတိုးသားလောင်းကို ဖွင့်ပြောစရာလိုသေးလို့လား မကြာခင်ဘဲ လက်ထပ်ရတော့မှာကို"
"လက်ထပ်တာကလက်ထပ်တာလေ ချစ်တယ်ဆိုတဲ့စကားကိုဖွင့်ပြောရမှာက ဖွင့်ပြောရမှာဘဲ မတူဘူး"
"ဟုတ်ကဲ့ပါဗျာ ချစ်တယ်နော် ကလေးရောကိုယ့်ကိုချစ်လား"
"ချစ်လို့ မြောင်းတွေဖောက်နေတာပေါ့လို့ "
![](https://img.wattpad.com/cover/364231147-288-k438759.jpg)