1.2

1.4K 88 2
                                    

<Unicode>
တစ်တန်းလုံးက တုန်လှုပ်စေရဲ့ တုံ့ပြန်ပုံကြောင့် အံဩသွားသည်။ခုနက ဘောလုံးပစ်လိုက်တဲ့ ကောင်လေးကလည်း ကြောက်ရွံ့သလို ထွက်ပြေးသွားလေသည်။

ဘယ်သူမှ သတိမထားမိလိုက်တာက ထိုကောင်လေးရဲ့ နှုတ်ခမ်းထက်က အပြုံးကိုပင်...

သူ့နာမည်လား အင်း နောက်ကျသိလာမှာပါ...

(🤪🤪)

တုန်လှုပ်စေ အိပ်တာ ညနေကျောင်းဆင်းချိန်ထိပင်...တုန်လှုပ်စေကို ညနေကျောင်းဆင်းတော့ အိမ်က ဒရိုင်ဘာ ဦးလေးကြီးက လာကြိုပြီး မိသားစုလက်စုံထမင်းစားကာ အိပ်ရာဝင်ခဲ့သည်။

Panda လေးကလား အင်း space ထဲမှာ အိပ်ပျော်နေတာ အခုချိန်ထိနိုးမလာသေးပေ..

မနက်ထပြီး တုန်လှုပ်စေအဝတ်အစားလဲတော့ အခက်‌တွေ့‌နေရသည်။ဟိုကောင်လေးက ဗီဒိုတစ်ခုလုံးမှာ အမဲရောင်တွေနဲ့ ဘာတွေမှန်းမသိဘူး ကျောင်းဝတ်စုံဆိုလို့ တစ်ခုမှလည်းမရှိဘူး....

တုန်လှုပ်စေလည်း အစေခံတစ်ယောက်ကို ခေါ်လိုက်ပြီး ကျောင်းဝတ်စုံအဖြူအစိမ်းလေးယူခိုင်းလိုက်သည်။

အရင်တုန်လှုပ်စေက ကျောင်းသွားရင် ဘယ်တုန်းကမှ အဖြူအစိမ်းမဝတ်ပေ အခု သူကတော့ mission လုပ်ရမှာမို့ ဝတ်ကိုဝတ်ရမည်။

တုန်လှုပ်စေလည်း အင်္ကျီအဖြူကို ကြယ်သီးအပြည့်တပ်ပြီးမှ အသက်ရှုကြပ်လာသလိုထင်ရတာကြောင့် ထိပ်ဆုံးကတစ်လုံးကိုဖြုတ်လိုက်သည်။

ကျောင်းစိမ်းကို သေသေချာချာဝတ်လိုက်ပြီး လွယ်အိတ်ကိုကြည့်လိုက်သည်။လွယ်အိတ်ထဲမှာ ဆေးလိပ်ဘူး၊မီးခြစ်၊ဖုန်း၊နားကြပ်၊ဂိမ်းစက်တွေနဲ့ပြည့်နေသည်။

စာအုပ်ဆို Note book တစ်ခုတောင်မရှိဘူး တုန်လှုပ်စေလည်း ခေါင်းခါလိုက်ပြီး စားပွဲပေါ်မှာ ပစ်ထားတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲ သေချာထည့်လိုက်သည်။

ဆေးလိပ်ဘူးတွေကလား သေချာပေါက်အမှိုက်ပုံးထဲမှာပေါ့...

တုန်လှုပ်စေ အောက်မဆင်းခင် ဆံပင်ကို လက်နဲ့ သပ်ချလိုက်ပြီး cute boy ပုံပေါက်အောင်လုပ်လိုက်သည်။

အော်သွယ်တော် system Where stories live. Discover now