6.10

431 35 8
                                    

<Unicode>
နတ်ဆိုး သူ့ရှေ့က ခြုံထဲမှာပုန်းရင်း ခြေသံတွေကိုနားစွင့်ကြည့်လိုက်သည်။

"ဘာကြားရလဲ နီးနေပြီလား"

နတ်ဆိုး ထိုလူကိုစိတ်လေသလိုတစ်ချက်ကြည့်လိုက်ပြီး

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"အော် ငါ့ဇာတ်ကောင်နာမည်က နန်လီ ငါ့နာမည်ရင်းက ထျန်ဇဲ့ချင် ငါ့ညီမသုံးတဲ့ဇာတ်ကောင်က ရှို့ရှို့ သူ့နာမည်အရင်းက ဟွားချင် ငါ့အသက်က ၂၅ ငါ့ညီမအသက် ၂၁ ငါတို့မှာမိသားစုဝင်.."

"‌တော်ပြီ ငါမေးတာနာမည်ဘဲလေ "

"သိချင်မလားလို့ပါ ငါနေတဲ့နေရာကလေ"

"ဟာလူလာပြီး "

နတ်ဆိုး ဓါးကိုအပေါ်မြှောက်လိုက်ပြီး ရှေ့မှာပြေးလာနေတဲ့ လူနှစ်ယောက်ကို အေးခဲစေလိုက်သည်။

သွားပြီးခုတ်မလို့ပြင်ချိန် ကောင်းကင်ကနေ အပေါက်အမဲ‌ရောင်အကြီးကြီးတစ်ခုက ပေါ်လာပြီး ထိုလူနှစ်ယောက်ကို ကြိုးမဲနဲ့ဆွဲသွင်းသွားပြီး ၅ စက္ကန့်ကြာတော့ ပြန်အန်ထုတ်လာသည်။

ထိုလူနှစ်ယောက်မှာလည်း သေဆုံးသွားတော့သည်။နတ်ဆိုးအံဩနေချိန်

"ဘယ်လိုလဲ ငါ့ မှော်တုတ်တံကမိုက်တယ်မလား ငါက မှော်ဆရာလေ လူဘယ်လောက်များများ ငါ့မှော်စက်ကွင်းနဲ့တွေ့ရင်အကုန်သေသွားမှာ ဘယ်လိုလဲ မင်းငါ့ကိုအားကိုးသွားပြီမလား ရပါတယ် ရပါတယ် ငါကအဲ့လို အားကိုးတဲ့အကြည့်တွေကို သဘောကျပေမဲ့ အတင်းမကြည့်ခိုင်းပါဘူး နောက်ထပ်ငါ့မှာ skill တွေအများ ဟေ့မင်းဘယ်သွားမလို့လဲ"

"လူအများကြီးသွားသတ်မလို့လေ မင်းစကားလျော့ပြောလို့မရဘူးလား"

"မင်းက ငါ့ကိုစကားများတယ်လို့ပြောချင်တာလား ငါခုနကပြောပြီးပြီလေ ငါစကားများတယ်ဆိုတာ ငါ့ညီမလေးကြောင့် ခုနကမင်းကို ကယ်ထားတဲ့ကျေးဇူးမှမထောက်ငါ့ကိုငြိုငြင်ရဲတယ် မင်းကိုငါ.‌ ဟေ့ မပြေးနဲ့လေ.."

နတ်ဆိုးဘာမှမပြောတော့ဘဲ ပြုံးလိုက်ကာ အဝါရောင်တပ်မဆီဦးတည်လိုက်သည်။တပ်ရှေ့မှာ လူ ၃ ယောက်က ခပ်မိုက်မိုက်ရပ်နေကြသည်။ထိုထဲက တိုက်ခိုက်သူက

အော်သွယ်တော် system Where stories live. Discover now