1.4

1.3K 73 6
                                    

<Unicode>
တုန်လှုပ်စေလည်း သဘော ဆိုတဲ့စတိုင်နဲ့ ပုခုံးနှစ်ဖက်ကိုပင့်ပြလိုက်ပြီး မြင်တိုင်းချစ် ကိုင်ထားတဲ့လက်ကို ဇွက်ကနဲ့ ရုန်းလိုက်သည်။

ပြီးတော့ ကျောင်းအုပ်ရုံးခန်းသွားပြီး တံခါးသွားခေါက်လိုက်သည်။ကျောင်းအုပ်ကြီးက သူတို့နှစ်ယောက်ရောက်လာတာနဲ့ ချွေးပြန်သွားပြီး လုပ်လက်စတောင်မှ အယောင်ယောင်အမှားမှားဖြစ်ကုန်သည်။

"ကျောင်းအုပ်ကြီးရယ် အဲ့လောက်မကြောက်ပါနဲ့ ကျနော်က ဆရာမလာတောင်းတာပါ"

နောက်မှာ ရပ်နေတဲ့ မြင်တိုင်းချစ်က တုန်လှုပ်စေ စကားကြောင့် အသံမထွက်ဘဲရီကာ ကျောင်းအုပ်ကြီးကို

"တုန်လှုပ်စေသဘောအတိုင်းလုပ်ပေးလိုက်"

ဆိုတဲ့စကားကို ပါးစပ်လှုပ်ရုံပြောလိုက်သည်။ကျောင်းအုပ်ကြီးကလည်း သခင်လေးရဲ့စကားအတိုင်း

"ဒီက ကျောင်းသားလေးက ဘာလို့ဆရာမလာတောင်းတာလဲ"

"ကျနော်တို့အတန်းက လူတွေကို စာသင်စေချင်လို့ပါ အမြန်လာဖို့ပြောပေးပါ"

"သဘောကျဖြစ်စေရပါမယ်"

တုန်လှုပ်စေလည်း ခေါင်းငြိမ့်အရိုအသေပေးပြီး ထွက်လာလိုက်သည်။ရုံးခန်းနဲ့အနည်းငယ်ဝေးတဲ့နေရာရောက်မှာ ဗိုက်နှိပ်ကာ

"ဟားဟား မြင်တိုင်းချစ် ဟား ဟား ခုနက ကျောင်းအုပ်ကြီးဖြစ်နေတဲ့ရုပ်မြင်လိုက်လား ဟား ဟား ငါ့ကိုကြောက်နေလိုက်တာကွာ မသိရင် ငါက သူ့အဖေလိုကြီး ဟား ဟား"

မြင်တိုင်းချစ်က ပြုံးရုံသာပြုံးနေသည်။တုန်လှုပ်စေတို့အတန်းရောက်ပြီး မကြာခင်မှာဘဲ မြန်မာစာသင်တဲ့ဆရာမရောက်လာခဲ့သည်။

ထိုဆရာမက 10 F ကိုသင်ဖို့အနည်းငယ် စိုးရိမ်နေမိသည်။သူအရင်က ဒီအတန်းကို သင်ဖူးသည်။

တစ်ရက်နှစ်ရက်သာ သင်ပြီးနောက် ဆိုးသွမ်းလွန်းတဲ့ကျောင်းသားတွေကြောင့် ဆက်မသင်တော့ပေ...

အခုတော့ ကျောင်းအုပ်ကြီးက ပြန်သင်ဆိုတာကြောင့်ရောက်လာခဲ့သည်။အခန်းထဲရောက်တော့ ဆရာမမှာ အတန်းများမှားရောက်လာတာလားဆိုပြီး အပြင်ထွက်ကာ နံပတ်ကိုပြန်ကြည့်လိုက်သည်။

အော်သွယ်တော် system Where stories live. Discover now