<Unicode>
ဝမ်ကျင်းဆွေလည်း သံစဉ်ကိုနားထောင်နေရင်း"ကိုယ်မဟုတ်တဲ့တစ်ခြားလူကို ဘာလို့လွမ်းနေရတာလဲ ကလေးငယ်ရယ်"
တီးတိုးရေရွတ်လိုက်ချိန် မျက်ရည်တစ်စက် ကပါးပြင်ပေါ်ခုန်ဆင်းလာသည်။ မျက်စိမှိတ်ပြီး မျက်ရည်တွေကို သုတ်နေချိန် ဟန်ချက်ပျက်ပြီး အပင်အောက်ကို ပြုတ်ကျသွားသည်။
ကျောက်ဆန်းယွင် ခံစားချက်အပြည့်နဲ့တီးခတ်နေချိန် တစ်စုံတစ်ခုပြုတ်ကျလာတာ ခံစားလိုက်ရသည်။
ကြောင်ကလေးများဖြစ်နေမလားဆိုပြီး ကုချင်းကို ပေါင်ပေါ်ကအမြန်ချပြီး ကျလာတဲ့ကြောင်လေးကို လက်နှစ်ဖက်ဆန့်တန်းကာ ပွေ့လိုက်သည်။
အပင်တွေပေါ်တက်တာ ကြောင်ဘဲရှိတာမို့ ကြောင်လို့ထင်လိုက်ပေမဲ့ လူဖြစ်နေတာကြောင့် ကြောင်အသွားသည်။
ကျလာတဲ့လူကလည်း သူ့အပေါ်တည့်တည့်ကျလာတာကြောင့် နှစ်ယောက်သားဟန်ချက်ပျက်ပြီး မြေပြင်ပေါ်လဲကျသွားသည်။
ထိုချိန် နှစ်ယောက်သားရဲ့ နှုတ်ခမ်းတွေဟာထိစပ်သွားသည်။ကျန်တဲ့လူတွေသာဆို ရှက်ပြီး ထရပ်ကြမှာဖြစ်ပေမဲ့ ထိုနှစ်ယောက်က ထမရပ်ကြပေ...
ဝမ်ကျင်းဆွေ ရခဲလှတဲ့အခွင့်အရေးကို အပိုင်ဆုပ်ကိုင်ပြီး မြေပြင်ပေါ်က ကလေးငယ်ရဲ့ နှုတ်ခမ်းကို အငမ်းမရနမ်းလိုက်သည်။
ကျောက်ဆန်းယွင် လန့်ပြီးထဖို့ပြင်ပေမဲ့ ကိုယ်လုံးကြီးဖိထားတာကြောင့် ထမရဖြစ်နေချိန် လာနမ်းတဲ့လူကြောင့် စိတ်တိုသွားသည်။
စကားပြောဖို့ ပါးစပ်ဟလိုက်ချိန် ဘယ်ကတည်းက ဝင်ချင်နေတဲ့လျှာဖျားမှန်းမသိ ချက်ချင်းတိုးဝင်လာပြီး သူ့လျှာတွေကို လာရစ်ပတ်နေသည်။
ခုန်ပေါက်လာတဲ့ရင်ဘက်ကအကောင်အပြင် ရင်းနှီးနေတဲ့အငွေ့အသက်တွေကြောင့် ဆက်မရုန်းတော့ဘဲ အလိုက်သင့်ပြန်နမ်းလိုက်သည်။
အချိန်အတော်ကြာ အပေးအယူမျှမျှနမ်းပြီးမှ ဝမ်ကျင်းဆွေက လွှတ်ပေးလာပြီး ကျောကိဆန်းယွင်ရဲ့နှုတ်ခမ်းကို လက်မနဲ့ပွတ်သပ်ကာ