<Unicode>
အာရမ်လည်း ကာသီဆမ်ရှေ့က ထိုင်ခုံမှာထိုင်လိုက်ပြီး"ကိုကို"
ဆိုပြီးတိုးတိုးလေးခေါ်လိုက်သည်။
ကာသီဆမ် ခေါ်သံကြောင့် မျက်လုံးလှန်ကြည့်လိုက်တော့ ချွေးတွေစိုရွှဲနေတဲ့ အာရမ်ကိုတွေ့လိုက်သည်။သူကြည့်နေချိန်မှာဘဲ အာရမ်က အင်္ကျီကိုလှန်ပြီး မျက်နှာကိုသုတ်လိုက်တာကြောင့် ပြားချပ်ချပ်ဗိုက်သားနဲ့ နီတာရဲအသီးကိုမြင်လိုက်ရသည်။
အသီးက နီနီလေးနဲ့ စားချင်စဖွယ်၊ ဗိုက်သားကလည်း နံပြားအလား ကိုက်စားချင်စဖွယ်ဖြစ်နေသည်။
အာရမ်ရဲ့ဗိုက်သားနဲ့ သူ့ဗိုက်သားကို စိတ်ကူးထဲမှာ ယှဉ်ကြည့်လိုက်သည်။သူ့ဗိုက်သားတွေကြတော့ ပြားချပ်မနေဘဲ ပေါင်မုန့်လိုအမြှောင်းတွေက 3 လိုင်းတောင်ရှိသည်။
ရင်အုပ်တွေဆိုလည်း ခပ်မာမာနဲ့ဆီဝင်းနေသည်။ဗလတွေဆိုတာကလည်း အားကိုးချင်စဖွယ်ဝာည်ရှိနေသည်။
အာရမ်ကိုပွေ့မယ်ဆို လက်တစ်ဖက်နဲ့တောင်ပွေ့လို့ရသည်။သူယှဉ်နေတုန်းမှာဘဲ အာရမ်ရဲ့လက်သေးသေးလေးတွေက မျက်နှာရှေ့လာဝဲနေသည်။
"ကိုကို"
"...."
"ဝေ့ ကိုကို ငုတ်တုပ်မေ့သွားတာလား"
"ဟမ် အာရမ်ဘာဖြစ်လို့လဲ"
"မောလို့ လက်ဖက်ရည်လေး ဘာလေးတိုက်ပါလားလို့"
"ကိုယ်သွားဝယ်ခိုင်းလိုက်အုံးမယ်နော် မူးတီ လက်ဖက်ရည်နှစ်ခွက်သွားဝယ်ခဲ့အုံး"
"ဟုတ်"
မူးတီဆိုသူကလည်း အလေးပြုပြီး လက်ဖက်ရည်ဝယ်ဖို့ထွက်သွားလေသည်။ကာသီဆမ်လည်း ချွေးတွေစိုရွှဲနေတဲ့ အာရမ်ကိုကြည့်ပြီး အိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်လိုက်ပြီး
"အာရမ် ဒီနားတိုး"
ဆိုပြီးပြောလိုက်သည်။
"တိုးဝူး ကိုကိုလာခဲ့"
"ကိုယ်လာရင်တော့ ကိုယ်သုတ်ပေးမှာနော်"
"သုတ်ပေးလေ လက်ညောင်းသက်သာတာပေါ့"
"လာပါပြီဗျာ"
![](https://img.wattpad.com/cover/364231147-288-k438759.jpg)