system space

667 55 5
                                    

<Unicode>
(အဆုံးထိဖတ်ပေးကြပါ 🤗)

ရှောင်းကျန့် system space ပြန်ရောက်ရောက်ချင်း

"အရင်ကမ္ဘာမှာ points 1300 ရပါတယ် အရင်က points နဲ့ပေါင်းရင် 3290 ရှိပါပြီ နောက်ကမ္ဘာအတွက်သင်စရာမရှိပါဘူး "

"အလုပ်တွေတအားကြိုးစားနေတယ်ပေါ့ ကြိုဆိုစကားတောင်အရင်မပြောဘဲ points တွေတွက်ပေးနေတယ်"

ရှောင်းကျန့်ပြောလိုက်တော့ Panda လေးက

"ဟီး ကောကောကလည်း သားသားက မြန်မြန်ပြီးအောင်လို့ပါ"

"ဟုတ်ပါပြီကွာ"

"ကောကော profile ပြမယ်နော်

အမည်-ရှောင်းကျန့်

အသက်-20

လိင်-ကျား

လိင်တိမ်းညွှတ်မှု-ကျား

ရရှိထားသောpoint-3290

ပြီးမြောက်သောကမ္ဘာ-3

တတ်မြောက်ထားသော ပညာရပ်-အတိုက်အခိုက်၊ဂီတ၊အပြေးစွမ်းရည်

သိုလှောင်ရုံ- ကိုက်ခဲပျောက်ဆေး 997 လုံးပါ"

"သင်စရာမရှိဘူးဆိုတော့ ဇာတ်ကြောင်းလွဲပေးတော့လေသားသားလေး"

"ဟုတ် ကောကော
ဇာတ်ကြောင်းလွှဲပြောင်းပေးနေပါသည် 1%...2%.....3%.....100%..... complete "

မကြာခင်တွင် ရှောင်းကျန့်မှတ်ဉာဏ်ထဲ ဇာတ်ကြောင်းအလုံးအရင်းဝင်ရောက်လာတော့သည်။

ရှောင်းကျန့်လည်း ဇာတ်ကြောင်းတွေကို ဖတ်ကြည့်လိုက်သည်။

ဒီကမ္ဘာက သာမာန်မဟုတ်ဘဲ ထူးဆန်းသည့်ကမ္ဘာဖြစ်သည်။ဇာတ်လိုက်နာမည်က ဇို ဖြစ်ပြီး Hunter (မုဆိုး) မျိုးရိုးရဲ့မင်းသားတစ်ပါးဖြစ်သည်။

ဇာတ်လိုက်မနာမည်က မို ဖြစ်ပြီး သာမာန်လူသားဖြစ်ပေသည်။နှစ်ယောက်လုံးက Royal school မှာကျောင်းတက်နေကြသူတွေဖြစ်တယ်...

မိုက လှပပြီး စာတော်သလို မဟုတ်မခံတတ်တဲ့စိတ်လည်းရှိတယ်..အားနည်းသူတွေကို ကူညီပေးပြီး အနိုင်ကျင့်တတ်သူတွေကိုလည်း ပေါ်တင်ရှုံ့ချတတ်သည်။

တစ်နေ့ သူ့ကို ဇီ ဆိုတဲ့ကောင်လေးက မဟုတ်တာတွေလာပြောတာကြောင့် ပါးရိုက်ခဲ့သည်။ဒါကို ဇီ က လူတွေအထင်လွဲအောင် ချော်လဲပြလေသည်။

အော်သွယ်တော် system Where stories live. Discover now