4.3

745 60 6
                                    

<Unicode>
"ရှင်ဘယ်လိုလုပ်လိုက်တာလဲ"

ဆိုတဲ့ချိုသာတဲ့အသံဟာ အနောက်နားကနေထွက်ပေါ်လာတော့သည်။

ဇီ ခေါင်းလေးစောင်းပြီးကြည့်လိုက်တော့ အဖြူရောင်လက်တိုကို ဒူးအထက်ဂါဝန်လေးနဲ့တွဲဝတ်ထားပြီး အနည်းငယ်ရှည်တဲ့ဆံပင်ကိုခပ်မြှောက်မြှောက်စည်းထားတဲ့ လှပတဲ့မိန်းမပျိုလေးကိုတွေ့လိုက်ရသည်။

'ကောကောရေ အဲ့ဒါ ဇာတ်လိုက်မမိုပါ'

'အဲ့ကြောင့်လှနေတာကိုး ဒါပေမဲ့ သူ့လှတာက ငါလှတာကိုမမှီသေးပါဘူးလေ'

'ကောကော ဘယ်ချိန်က ရူးသွားတာလဲဟင်'

'အပေါက်ပိတ်ထားလိုက်'

ဇီလည်း တစ်ကိုယ်လုံးလှည့်လာပြီး

"ငါကဘယ်လိုလုပ်လိုက်လို့လဲ ရှောင်လိုက်တာလေ"

မိုက ထိုကောင်မလေးကို သွားဆွဲထူရင်း

"ရှင်မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးတော့အရှက်မခွဲသင့်ပါဘူး"

မိုပြောလိုက်တော့ ကြည့်နေတဲ့လူတွေကလည်း မိုပြောတာမှန်ကြောင်းထောက်ခံလာကြသည်။

"အိုး ဒါဆိုငါက သူငါ့ပေါ်ကျလာဝာာကို ခံနေပေးရမဲ့သဘောပေါ့ ရတယ်လေ ဟိုကောင်မလေး ဒီလာခဲ့ ဖက်တွယ်ပေးမယ်"

ဇီလည်း လက်နှစ်ဖက်ဆန့်တန်းပြီး ဝင်လာဖို့ကြိုဆိုလိုက်သည်။ဟိုကောင်မလေးကလည်း ဘလင်းဘလင်းထနေတဲ့မျက်လုံးနဲ့ ရင်ခွင်ထဲပစ်ဝင်လာတော့သည်။

ကံဆိုးစွာနဲ့ ဇီရဲ့ရင်ခွင်ထဲမရောက်လိုက်ဘဲ ကြမ်းပြင်ပေါ်နောက်ထပ်တစ်ခေါက် မှောက်ယက်ကျသွားပြန်သည်။

ဇီကို ဒေါသထွက်နေတဲ့မျက်ဝန်းနဲ့ကြည့်လိုက်တော့ ဆွံ့အသွားရသည်။ဇီက လက်တန်းနေရင်းနဲ့ဘဲ လူတစ်ယောက်က သူ့ကိုဖက်နေသည်။

ကြောက်စရာကောင်းပြီးနီရဲနေတဲ့မျက်ဝန်းနဲ့လည်း သူ့ကိုသတ်ဖြတ်တော့မလို စိုက်ကြည့်နေသည်။ထိုသူကဘယ်သူလဲ...

သေချာပေါက် ဇူးဘဲပေါ့ ဇူးခုနကတည်းက ဇီကို ကြည့်နေမိတာပင်..ဒီမနက်ကောင်လေးက သူ့ကို ကိုကိုလို့ခေါ်လာချိန် ငယ်ငယ်ကတည်းကမခုန်ခဲ့တဲ့ နှလုံးသားက ရုတ်တရက်ခုန်လာတာကြောင့် မျက်မှောင့်ကြုံ့လိုက်မိသည်။

အော်သွယ်တော် system Where stories live. Discover now