6.8

406 33 5
                                    

<Unicode>
ဓါးက နတ်ဆိုးလက်ထဲမှာ ရုန်းကန်နေသည်။ဓါတ်လိုက်သလိုလို တီကောင်ကိုဆားတို့လိုက်သလိုလို ကျင်တက်သွားသည်။

ဒါပေမဲ့ နတ်ဆိုးဓါးကို မလွတ်တမ်းဆုပ်ကိုင်ပြီး ဓါးထဲသွေးဝင်သွားမဲ့အချိန်ကိုစောင့်နေလိုက်သည်။

သွေးစက်တွေက တဖြေးဖြေးခမ်းသွားသလိုနဲ့ ဓါးထဲတဖြေးဖြေးတိုးဝင်သွားပြီး စက္ကန့်အနည်းငယ်လောက်ကြာတော့ ဓါးပေါ်သွေးဟာ လုံးဝမရှိတော့ပေ...

ဓါးကလည်း နတ်ဆိုးလက်ထဲငြိမ်သက်သွားသည်။နတ်ဆိုး ဓါးကို တစ်ချက်နှစ်ချက် လှည့်ကစားလိုက်တော့ ဓါးကအတော်ပေါ့ပါးပြီး သွက်လက်တာကို သိလိုက်သည်။

ဓါးမှာသုံးလို့ရတဲ့ skill တွေကိုကြည့်လိုက်တော့ ရေခဲနဲ့ရေဘဲရှိသည်။တစ်ခြား skill တစ်ခုမှမရှိ...

နတ်ဆိုး ထိုနေရာကထွက်ပြီး ပင့်ကူတောနက်ကို ထွက်လာခဲ့သည်။ပင့်ကူတောနက်ထဲတစ်ခါရောက်ပြီးပြီမို့ လမ်းသွားချိန်အခက်အခဲမရှိပေ...

နတ်ဆိုး ပင့်ကူတောနက်ထဲက ပင့်ကူကြီးကိုတွေ့တော့ အံဩသွားသည်။ဒီပင့်ကူက အရင်တစ်ခါက သူသတ်ဖူးတဲ့ပင့်ကူမဟုတ်တော့ပေ...

ပင့်ကူရဲ့ကိုယ်လုံးမှာ အစင်းကြောင်းတွေရှိနေသည်။အဆိပ်အတော်ပြင်းပုံပင်..ပင့်ကူရဲ့ခြေထောက်တွေကလည်း အရင်အကောင်ထက် ၁ လက်မပိုရှည်သွားသလိုထင်ရသည်။

နတ်ဆိုး ဓါးကို အောက်စိုက်ကိုင်လိုက်ပြီး ပင့်ကူကြီးဆီပြေးသွားလိုက်သည်။ပင့်ကူကြီးက‌ သူ့ကိုတွေ့တော့ ခြေချောင်းတွေနဲ့ တက်နင်းလာသည်။

ပင့်ကူအားဘယ်လောက်တောင်ပြင်းလဲဆိုရင် မြေကြီးထဲ ၂ လက်မလောက်စိုက်ဝင်သွားပြီး ပြန်ထုတ်ရခက်သွားသည်။

လူသာထိလို့ကတော့ အသက်ကတော့ 0% မဟုတ်ရင်တောင် 30% ထိသာကျန်လောက်သည်။ခြေချောင်းမြေကြီးထဲကနေ မထုတ်ရသေးခင် နတ်ဆိုး ပင့်ကူရဲ့ခြေချောင်းအဆစ်ပေါ် တစ်ချက်နင်းတက်လိုက်ပြီး လေပေါ်ခုန်ကာ ပင့်ကူရဲ့ခေါင်းကို ပိုင်းခြားဖို့ပြင်လိုက်သည်။

သူပိုင်းချလိုက်ပေမဲ့ ပင့်ကူခေါင်းက သံထည်နဲ့လုပ်ထားသလိုမာကျောနေပြီး ဓါးနဲ့ထိချိန် မီးတောင်ပွင့်သွားသည်။

အော်သွယ်တော် system Where stories live. Discover now