4.1

771 51 11
                                    

<Unicode>
ရှောင်းကျန့် အနည်းငယ်နာကျင်မှုနဲ့အတူ နိုးထလာခဲ့သည်။သူရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ မွေ့ယာအထူကြီးပေါ်ရောက်နေသည်။

အခန်းကိုကြည့်လိုက်တော့ တစ်ခန်းလုံးအဖြူရောင်ကိုသုံးထားသည်။စားပွဲ ကုတင် စာအုပ်အဖုံးအားလုံးဟာ အဖြူရောင်တွေဖြစ်နေသည်။

မှတ်ဉာဏ်ထဲကိုအနည်းငယ်မွှေနောက်ကြည့်လိုက်တော့ ဒါက သူ့အခန်းဖြစ်ပြီး သူကအခု wolf နန်းတော်မှာရှိနေသည်။

မနက်ဖြန်ဆိုရင် ကျောင်းစတက်ရမည့်အချိန်ဖြစ်သည်။ဇာဝာ်ကြောင်းကအတော်စောနေသေးသည်။

ရှောင်းကျန့်လည်း ထလိုက်ပြီး မျက်နှာသစ်ကာ လန်းဆန်းသွားအောင်ရေတစ်ခါထဲချိုးလိုက်သည်။

ဗီဒိုထဲက ဝတ်စုံတွေကိုကြည့်လိုက်တော့ အကုန်လုံးက အ‌ဖြူရောင်တွေသာဖြစ်နေသည်။

"အဖြူရောင် crazy လားဟ "

ရှောင်းကျန့်လည်းခေါင်းအသာယမ်းလိုက်ပြီး ကုတင်ဘေးက bell ကိုတီးလိုက်သည်။သူတီးပြီး စက္ကန့်အကြာမှာဘဲ အသက် ၄၅ အရွယ်ရှိတဲ့ လူကြီးတစ်ယောက်က တံခါးခေါက်လာသည်။

"ဒေါက် ဒေါက် သခင်လေး "

"ဝင်ခဲ့"

"သခင်လေး ဘာလိုချင်လို့လဲ"

"ကျနော့်ကို အမဲရောင် pants နှစ်စုံသုံးစုံလောက်ရှာပေးအုံး အဖြူတွေချည်းဘဲဆို ပိုးဟပ်ဖြူလိုဖြစ်နေမှာ"

"ကောင်းပါပြီ သခင်လေး"

ထိုလူကြီးက ထွက်သွားပြီး မိနစ်ပိုင်းအတွင်းမှာပြန်ရောက်လာပြီး ရှောင်းကျန့်ကို အမဲရောင် pants ငါးစုံပေးကာ ထွက်သွားလေသည်။

ရှောင်းကျန့်လည်း အဖြူရောင်လက်ရှည်ကို အမဲရောင် pants နဲ့တွဲဖက်ဝတ်ဆင်လိုက်သည်။ပိုနေတဲ့ခါးက အဝတ်ကို pants ထဲထိုးထည့်လိုက်တော့ သေးသွယ်တဲ့ခါးဟာ ‌ပေါ်လွင်လာသည်။

ကိုယ်လုံးပေါ်မှန်မှာ သွားကြည့်လိုက်တော့

"What the..ငါဘာလို့ ဒီလောက်ချောရတာလဲ😱😱"

'🙄🙄 ကောကော အဲ့တာကောကောချောတာမဟုတ်ဘူးလေ ဇီချောဝာာလေ'

'သားသားလေးရေ တိတ်တိတ်နေပေးပါအုံး ငမ်းလိုက်အုံးမယ်'

အော်သွယ်တော် system Where stories live. Discover now